DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ရုပ်ရှင်အတွက် လိုသလောက်လှူမည့် အလှူရှင်များရှိဟု သူရဦးအောင်ကိုပြော
DVB
·
June 30, 2018
ဗိုလ်ချုပ်ရုပ်ရှင်အတွက် လိုသလောက်လှူမည့် အလှူရှင်များရှိဟု သူရဦးအောင်ကိုပြော
Donate to DVB

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လိုသလောက်လှူမယ့် အလှူရှင်တွေရှိတာကြောင့် ငွေကြေးကိစ္စ စိတ်မပူဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ် ရေးလုပ်ငန်းကော်မတီကို ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအထ္တုပ္ပတ္တိ ရိုက်ကူးထုတ်လုပ်ဖို့အတွက် လိုသလောက်ငွေကို အလှူရှင်တွေက လှူဒါန်းဖို့ရှိပေမယ့် စတင်အကောင်အထည် မဖော်ရသေးတာကြောင့် အလှူငွေလက်ခံမှု ရပ်နားထားရတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၃ဝ ရက်က ရန်ကုန်မြို့ အမျိုးသာဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ဗိုလ်ချုပ်တို့လက်ထက်က အသုံးပြုခဲ့တဲ့ သမိုင်းဝင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပေးအပ်သွားမယ်လို့ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြည်ပနိုင်ငံတွေဆီက ဗိုလ်ချုပ်မှတ်တမ်းတွေကို ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားနေတာကြောင့် ထုတ်လုပ်ရိုက်ကူးဖို့ အချိန်ကြန့်ကြာနေတာပါ။

ဇာတ်ညွှန်းရေးသားမှုကို ဇူလိုင်လအတွင်း အပြီးရေးသားသွားမယ်လို့ ဇာတ်ညွှန်းဆရာ ဦးမင်းထင်ကိုကိုကြီးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုကတော့ ဇာတ်ညွှန်းရပြီးတာနဲ့ ရိုက်ကူးမှုတွေစတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပါတယ်။

အစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်တွေလည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013