DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းထုတ်ဓာတ်ဆီများ နိုင်ငံပိုင်စက်သုံးဆီဆိုင်များတွင် ရောင်းချပေးသွားမည်
DVB
·
June 30, 2018
ပြည်တွင်းထုတ်ဓာတ်ဆီများ နိုင်ငံပိုင်စက်သုံးဆီဆိုင်များတွင် ရောင်းချပေးသွားမည်
Donate to DVB

ပြည်တွင်းထုတ်ဓာတ်ဆီတွေကို မနက်ဖြန်ကစပြီး နိုင်ငံပိုင်စက်သုံးဆီဆိုင်တွေမှာ ရောင်းချပေးသွားမှာ ဖြစ်သလို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းကိုလည်း ဂါလန် ၃ သန်း ရောင်းချသွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။

နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာလို့ ပြည်တွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်လာနိုင်တာကြောင့် ဈေးနှုန်းထိန်းညှိဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)က ထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီတွေကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်တွေ ဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်(ဝ၂၇၅)၊ ရန်ကုန်(ဝ၂၅၄)၊ ရန်ကုန်(ဝ၂၄၇)၊ မန္တလေး(ဝ၆၁၁)၊ မန္တလေး(ဝ၆၁၄)၊ ပဲခူး(ဝ၁၉၂) နဲ့ ဟင်းငုတ်ပင်(တောင်ငူ)(ဝ၁၆ဝ) တို့မှာ မော်တော်ယာဉ်ငယ်တွေ၊ မော်တော်ဆိုင်ကယ်တွေမှာ သုံးစွဲနိုင်ဖို့ ပိတ်ရက်မရှိ လက်လီဖြန့်ဖြူးရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။

ပုဂ္ဂလိက ဆီဆိုင်တွေကနေ ပြန်ပြီး ရောင်းချနိုင်ဖို့အတွက်လည်း ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းကို ဂါလန် ၃ သန်းရောင်းချပေးခဲ့ပြီး အခုလည်း ဒုတိယအကြိမ်အဖြစ် ဂါလန် ၃ သန်း ထပ်ရောင်းဦးမယ်လို့ ဆိုပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013