
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုခဲ့တဲ့ အမှုတွေထဲက တရားခံပြေးတွေကို ကူညီသတင်းပို့ဖို့ ရဲတပ်ဖွဲ့က ဓာတ်ပုံ၊ အချက်အလက်တွေ ထုတ်ပြန်လိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ၅၇ တို့အရ သက်ဆိုင်ရာရဲစခန်းတွေမှာ တရားစွဲဆိုခဲ့တဲ့ အထဲက တရားခံပြေးအဖြစ် စွဲဆိုထားတဲ့သူ ၁၆ ယောက်ကို ကူညီစုံစမ်းပေးဖို့နဲ့ တွေ့ရှိရင် နီးစပ်ရာ ရဲစခန်းတွေကို သတင်းပို့နိုင်တယ်လို့ ဆိုပါတယ်။
ဒီထဲမှာ မြို့နယ် တရားသူကြီး ၂ ယောက် အပါအဝင်၊ တွဲဘက်မြို့နယ်တရားသူကြီး၊ ဥပဒေအရာရှိ၊ အထက်တန်းရှေ့နေနဲ့ တရားရေးပိုင်းက ၈ ယောက်၊ ပါမောက္ခချုပ်ဟောင်း တယောက်အပါအဝင် ပညာရေးပိုင်းက ၂ ယောက်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒု ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲကင်းစခန်းမှူး တယောက်တို့ ပါဝင်ပါတယ်။











