DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဖမ်းမိ
DVB
·
June 30, 2018
အမ်းမြို့နယ်တွင်  တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဖမ်းမိ
Donate to DVB

အမ်းမြို့နယ်မှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၉ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမ်းမြို့နယ်သစ်တောဦးစီးဌာန ပူးပေါင်းအဖွဲ့ဟာ အမ်းမြို့နယ်၊ ပျဉ်းတောရွာနေ ဦးအောင်ဝေ ရဲ့ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ဝက်ဝံအရိုး ၂ ပိဿာခန့်၊ လိပ်ခွံ ၉ ခု၊ သင်းခွေချပ် (ခွံ) ၈၀ သားခန့်၊ တောဝက် (အစွယ်/အံ) ၆၀ သားခန့်၊ ဝက်ဝံအစွယ် ၁၅ ခု၊ ဝက်ဝံခေါင်း ၁ ခု၊ တောင်ဆိတ်ဂျို ၁ စုံ၊ ပြောင်ချို ၅ ခု၊ ဆတ်ချို ၇ ခု၊ တောဝက်သည်းခြေ ၅ ခု၊ တောကြောင် (အစွယ်/အံ) ၁၀ သားခန့်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဦးအောင်ဝေ (ဖမ်းမိ) အား အမ်းမြို့မရဲစခန်းက (ပ) ၆၀/၂၀၁၈၊ ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းနယ်များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/ ၄၁(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013