DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်းမြို့တွင် ဘောလုံးကွင်းမရှိ၍ လူငယ်များ အခက်ကြုံ
DVB
·
June 30, 2018
ကညွတ်ကွင်းမြို့တွင် ဘောလုံးကွင်းမရှိ၍ လူငယ်များ အခက်ကြုံ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှာ ဘောလုံးကစားဖို့ အားကစားကွင်းမြေနေရာ မရှိတာကြောင့် လူငယ်တွေအနေနဲ့ အခြားရပ်ရွာတွေမှာ သွားရောက်ကစားနေကြရတယ်လို့ ဘောလုံးကစားနေတဲ့ လူငယ်တွေက ပြောပါတယ်။

ဘောလုံးကွင်းမြေနေရာမှာ အုပ်ချုပ်ရေးမှူးရုံးနဲ့ အခြားရုံးတွေ ဆောက်လုပ်တာနဲ့ ကွင်းအစား နေရာပြန်လဲပေးတာ မရှိလို့ အခက်ခဲကြုံနေကြရတာပါ။

ကညွတ်ကွင်းမြို့မှ ဘောလုံးဝါသနာရှင် မောင်ကျော်ဇင်က "အရင်က ဒီမှာ ကွင်းရှိတော့ အချိန်မရွေး ကစားနိုင်တယ်။ အခုရုံးတွေ ဆောက်ပစ်တယ်။ နောက်ကျောင်းလေးကွင်းကလည်း အိမ်တွေဆောက်ထားတော့ ကစားမရတော့ဘူး။ အခုကျနော်တို့ဆို ရွာဘက်တွေ ဆင်းပြီး စာသင်ကျောင်းလေးတွေမှာ သွားကစားနေရတယ်။ ဘောလုံးကွင်းလေးတော့ အမြန်ဆုံးဖြစ်စေချင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ကညွတ်ကွင်းမြို့တွင်း ယခင်က ဘောလုံးကွင်းနှစ်ခုရှိခဲ့ပြီး ကျောင်းလေးဘောလုံးကွင်းမှာ ကျူးကျော်နေထိုင်မှုတွေ ရှိနေပြီး အခြားဘောလုံးကွင်းတခုမှာလည်း အုပ်ချုပ်ရေးမှူးရုံးနဲ့ အခြားရုံးတွေ ဆောက်လုပ်ခဲ့တာကြောင့် ဘောလုံးကွင်း မရှိတော့တာပါ။

မြို့အတွက် လိုအပ်နေတဲ့ ဘောလုံးကွင်းအား ပွင့်လင်းရာသီမှာ  ဆောင်ရွက်ပေးသွားမှာဖြစ်သလို နေရာတော့သတ်မှတ်ထားပြီးပြီလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက "ကညွတ်ကွင်း တောက်ဘက်အထွက်က စားကျက်မြေနေရာမှာ ဘောလုံးကွင်းသတ်မှတ်ထားပါတယ်။ ပွင့်လင်းရာသီမှပဲ လုပ်ပေးနှိုင်မှာပါ။ နိုင်ငံတော်က ဘတ်ဂျက်မချပေးထားတော့ ရပ်ရွာရဲ့ အကူအညီနဲ့ပဲ ကွင်းကို ဖြစ်အောင် လုပ်သွားရမှာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ကညွတ်ကွင်းမြို့ရှိ ဘောလုံးကွင်းမြေနေရာတွေအပေါ် ကျူးကျော်နေထိုင်မှုတွေနဲ့ ရုံးတွေ ဆောက်လုပ်ထားမှုအပေါ် မြို့ရွာအတွင်းရှိ ပြည်သူတွေက ဌာနဆိုင်ရာတွေကို တိုင်ကြားပေမယ့် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

သတင်း- ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013