DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်ပြပွဲမှ ယူရိုငွေ သန်း ၄ဝဝ ကျော်ဖိုး ရောင်းရ
DVB
·
June 30, 2018
ကျောက်မျက်ပြပွဲမှ ယူရိုငွေ သန်း ၄ဝဝ ကျော်ဖိုး ရောင်းရ
Donate to DVB

နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ ကျောက်မျက်ပြပွဲကနေ စုစုပေါင်း ယူရိုငွေ သန်း ၄ဝဝ ကျော်ဖိုး ရောင်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၅၅ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာခန်းမမှာ ဇွန်လ ၂ဝ ရက်ကနေ ၂၉ အထိ ပြုလုပ်ခဲ့တာပါ။

ကျောက်မျက် ၆၉ တွဲကို ယူရိုငွေ ၁ ဒသမ ၃၇ သန်း၊ ကျောက်စိမ်း အတွဲပေါင်း ၅၂၅၉ တွဲကို ယူရိုငွေ ၄၂၃ ဒသမ ၁၁၈ သန်းနဲ့ ရောင်းချခဲ့ရပြီး စုစုပေါင်း ယူရို ၄၂၇ ဒသမ ဝ၉၅ သန်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြပွဲမှာ နိုင်ငံပိုင် ပုလဲအတွဲ ၂၇ဝ ကို ပြသရောင်းချခဲ့ရာမှာ ယူရိုငွေ ၁၉ သိန်းကျော်နဲ့ ရောင်းချရခဲ့တယ်လို့ ကျောက်မျက်ရတနာပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောပါတယ်။

ဒီပြပွဲကို တရုတ်ပြည်က ကျောက်မျက်ကုန်သည် ၃ဝဝဝ ကျော်အပါအဝင် ပြည်တွင်းပြည်ပ ကုန်သည်ပေါင်း ၅ဝဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013