DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခနှင့်အကြမ်းဖက်မှုဒဏ်ခံရသူများကို ရေရှည်ကူညီမည်ဟု အိုင်စီအာစီပြော
DVB
·
June 30, 2018
ပဋိပက္ခနှင့်အကြမ်းဖက်မှုဒဏ်ခံရသူများကို ရေရှည်ကူညီမည်ဟု အိုင်စီအာစီပြော
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်အပြီး ၁ဝ လ ကြာလာချိန်အထိ အရေးပေါ်အကူအညီတွေ လိုအပ်နေတုန်းဖြစ်ပြီး ပဋိပက္ခနဲ့အကြမ်းဖက်မှုဒဏ်ခံရသူတွေကို ကူညီထောက်ပံ့ရာမှာ မြန်မာနိုင်ငံက လူတွေကို ရေရှည် အကူအညီပေးသွားမယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌက အတည်ပြု ပြောကြားပါတယ်။

မြန်မာနိုင်ငံကို ငါးရက်ကြာခရီးစဉ်ရောက်ရှိနေတဲ့ အိုင်စီအာစီဥက္ကဋ္ဌ Mr. Maurer ဟာ ရခိုင်ပြည်မြောက်ပိုင်းကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာပါ။

“ကျေးရွာတရွာမှာ လူဦးရေ လေးပုံတပုံ သာသာပဲ ကျန်ခဲ့တာပါ။ လူတွေအများကြီး ဒီလိုမျိုး ထွက်သွားတာကြောင့် ကျန်နေတဲ့လူတိုင်းကိုလည်း ထိခိုက်မှုတွေရှိပါတယ်။ အထူးသဖြင့် စီးပွားရေး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ထိခိုက်ပါတယ်။ လူပေါင်းများစွာ နေရပ်စွန့်ခွာစေခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်အပြီး ၁ဝ လ ကြာလာချိန်အထိ အရေးပေါ်အကူအညီတွေ လိုအပ်နေတုန်းပါ” လို့ သူက ပြောပါတယ်။

ဆောင်ရွက်စရာ ကိစ္စတွေအများကြီး လိုအပ်နေသေးပေမယ့် ရခိုင်ပြည်မြောက်ဘက်ပိုင်းက ဝေးလံခေါင်းပါးတဲ့ ဒေသက လူတွေကို အကူအညီတွေပေးနေတာ ကျေနပ်တယ်လို့လည်း သူက ဆိုပါတယ်။

Mr. Maurer ဟာ ရခိုင်၊ မွတ်စလင်နဲ့ ဟိန္ဒူတွေ အပါအဝင် ကျေးရွာတွေက ရပ်ရွာ အသိုင်းအဝိုင်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒေသခံ အစိုးရကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာတော့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။

“အပြုသဘောတောင်တဲ့ အပြန်အလှန်ဆွေးနွေးမှုကို ကျေနပ်အားရမိပါတယ်။ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် ပဋိပက္ခနဲ့ အကြမ်းဖက်မှုဒဏ်ခံရသူတွေကို ကူညီထောက်ပံ့ရာမှာ မြန်မာနိုင်ငံက လူတွေကို ရေရှည် အကူအညီပေးသွားမှာ ဖြစ်တဲ့ အကြောင်းကိုလည်း ကျနော် အတည်ပြု ပြောကြားခဲ့ပါတယ်” လို့ Mr. Maurer က ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ရပ်ရွာလူထုအသိုင်းအဝိုင်းတွေအတွက် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့အညီ ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်း တည်ဆောက်ရာမှာ အိုင်စီအာစီက အကူအညီပေးဖို့ အသင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013