DVB Logo
Home
မြန်မာသတင်း
မိုးစပါးရာသီအတွက် စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေး
DVB
·
June 30, 2018
မိုးစပါးရာသီအတွက် စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေး
Donate to DVB

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ် မိုးစပါးရာသီအတွက် နှစ်လတ်စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပွဲကို ဇွန် ၂၉ ရက်က ဓနုဖြူမြို့နယ်ရှိ Gold Delta company ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ချေးငွေထုတ်ချေးရာမှာ ပုံစံ ၇ မူရင်းကို အာမခံထားရပြီး ၁ ဧကကိုကျပ် ၄ သိန်းနှုန်းနဲ့ ၃ နှစ် အရစ်ကျ ပြန်လည်ပေးဆပ်ရမှာပါ။

စိုက်ပျိုးရေး လုပ်ငန်းအပြင် အခြားကျေးလက်စီးပွားရေးလုပ်ငန်းတွေ အစပျိုးနိင်ဖို့ ရည်ရွယ်ဆောင်ရွက်တဲ့ စမ်းသပ်အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ၂ဝ၁၅ ခုနှစ် မိုးစပါးရာသီမှာ စတင်ခဲ့တာဖြစ်ပြီး မြို့နယ်ပေါင်း ၁၅ မြို့နယ် မှာ ဆောင်ရွက်နေပါတယ်။

ရှေ့ပြေးစမ်းသပ် အစီအစဉ်ကို မြို့နယ်ပေါင်း ၂ဝ အထိ တိုးချဲ့သွားမှာဖြစ်ပြီး အောင်မြင်ပါက တနိုင်ငံလုံး အတိုင်းအတာအထိ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

ချေးငွေထုတ်ချေးတဲ့ ပမာဏကို ကန့်သတ်မထားဘဲ ဓနုဖြူမြို့နယ်အတွက် စိုက်ပျိုးစရိတ် ချေးငွေတွေ ထုတ်ချေးရာမှာ စပါးစိုက်ပျိုးသူပေါင်း ၆၉ဝ က ကျပ်ငွေဘီလီယံပေါင်း ၁.၆ ဘီလီယံ ချေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013