DVB Logo
Home
မြန်မာသတင်း
ဂူထဲပျောက်ဆုံးကျောင်းသားများ ရှာဖွေစဉ် ကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦး ဓာတ်လိုက်ခံရ
DVB
·
June 29, 2018
ဂူထဲပျောက်ဆုံးကျောင်းသားများ ရှာဖွေစဉ် ကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦး ဓာတ်လိုက်ခံရ
1 / 8
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ခွန်နမ့်နန်းနွန်းဂူကြီးထဲ ပျောက်ဆုံးနေတဲ့ လူငယ်ဘောလုံးသမား ၁၃ ဦးကို ရှာဖွေရေးဆောင်ရွက်နေရာမှာ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်က ဓာတ်လိုက်မှုဖြစ်ပွားပြီး လူ ၄ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဒီ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ဂူထဲကရေတွေ အပြင်စုပ်ထုတ်ဖို့ ရေစုပ်စက်ကို လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းစဉ် ဝါယာကြိုးပေါက်ပြဲပြီး လူ ၄ ဦး ဓာတ်လိုက်ခံရကာ ၁ ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် မယ်ဆိုင်ဆေးရုံကို အမြန်ဆုံး ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းတွေအရ ဓာတ်လိုက်ခံရသူတွေ ဘေးကင်းပြီး ဆေးရုံပို့လိုက်တဲ့ လူလည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒီမတိုင်ခင်က ဂူရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး အရေးပေါ် လူနာတင်ကားတွေလည်း ရောက်လာလို့ လူတွေဝိုင်းအုံလာကြကြောင်း၊ လုံခြုံရေးရဲတွေကလည်း ဘယ်သူ့ကိုမှ အနားကပ်ခွင့်မပြု၊ ဓာတ်ပုံရိုက်ခွင့် မပြုတာကြောင့် လူနာတင်ကားပေါ် ပါသွားသူဟာ ဘယ်သူမှန်းမသိဘဲ နောက်ပိုင်းမှ ကယ်ဆယ်ရေးဝန်ထမ်း ဓာတ်လိုက်ခံရတာလို့ ဆိုပါတယ်။

မနေ့ကလည်း ကယ်ဆယ်ရေးလုပ်သားတဦး ကြွက်တက်ပြီး ထမ်းစင်နဲ့တင်ကာ ရှေးဦးသူနာပြုစုမှု ခံယူလိုက်ရပါတယ်။

ခွန်နမ့်နန်းနွန်းဂူကြီးဟာ ဒဏ္ဍာရီဆန်တဲ့ ဂူကြီးတခုဖြစ်ပြီး ဒေသခံတွေက နတ်ကြီးတယ်လို့ ယုံကြည်သက်ဝင်ထားကြောင်း၊ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးဝန်ထမ်း တဦးကလည်း ဂူကြီထဲမှာ လျှပ်စီးမီးက ပလပ်ပေါက်ချောင်သလို ရုတ်တရက် မှိတ်သွားတတ်ပြီး အရိပ်လိုလို မြင်ရတာ၊ အသံလိုလို ကြားရကာ သွားကြည့်လိုက်ရင် ဘာမှမတွေ့ရကြောင်း၊ မိုးကလည်း ဂူနားပဲကွက်ပြီး ရွာနေသလို ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း အနှောင့်အယှက် ရှိနေသလိုပဲလို့ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် ทีมงานอาสา မှာ ရေးထားပါတယ်။

ဓာတ်ပုံ - စောလှမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013