DVB Logo
Home
မြန်မာသတင်း
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို လူတစုက လာရောက်ဖျက်ဆီး
DVB
·
June 29, 2018
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို လူတစုက လာရောက်ဖျက်ဆီး
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးလာလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဇွန် ၂၈ ရက် ညနေ ၃ နာရီလောက်မှာ  တစ်ဖက်နိုင်ငံက လူ ၁၂ ဦးခန့်ဟာ နယ်စပ်  ခြံစည်းရိုးကို လာရောက် ဖျက်ဆီးနေတာတွေ့လို့  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အော်ဟစ် မောင်းထုတ်လိုက်တဲ့အတွက် ထွက်ခွာသွားခဲ့ကြတယ်၊ ညနေ ၆ နာရီမှာ တခါ ထပ်ရောက်လာပြီး နယ်စပ်ခြံစည်းရိုးတိုင်တွေကို ထပ်ပြီး ဖျက်ဆီးနေတာတွေ့လို့ သတိပေး အော်ဟစ် ပြောဆိုပေမယ့် ထွက်မသွားဘဲ  ပြန်လည် အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ခြံစည်းရိုးတိုင်တွေကို  လွှနဲ့ ဆက်လက် ဖျက်ဆီးနေလို့  ရဲအရာရှိတဦးက အမ်အေ- ၁၁ နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဒီနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက  ခြံစည်းရိုးကို သွားရောက် စစ်ဆေးခဲ့ရာမှာ တိုင် ၄ တိုင်ပျက်စီးသွားတာတွေ့ရပြီး ထပ်မဖြစ်အောင် စောင့်ကြည့်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ် တောင်ပြို(ယာ) ရဲကင်းစခန်းရဲ့ မြောက်ဖက် ကိုက် ၂၀၀ ခန့်အကွာ တောင်ပြို(ယာ) ချောင်းပေါက်ဝ အနီးရှိ မြန်မာဘက်ခြမ်းမှာ ရေတိုက်စားလို့ ပေ ၁၈၀ ခန့် ပျက်စီးသွားခဲ့ပြီး  ခြံစည်းရိုးအစား ယာယီသစ်သားတိုင်၊ သံဆူးကြိုးတွေနဲ့ ယာယီ ပြန်လည် ကာရံ ထားရတယ်လို့ သိရပါတယ်။

Photo : MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013