DVB Logo
Home
မြန်မာသတင်း
ကျေးရွာစာကြည့်တိုက်များကို  လူငယ်များ စိတ်​ဝင်​စားမှု အားနည်း​နေ
DVB
·
June 29, 2018
ကျေးရွာစာကြည့်တိုက်များကို  လူငယ်များ စိတ်​ဝင်​စားမှု အားနည်း​နေ
Donate to DVB

မန္တလေးတိုင်း​၊ မြင်းခြံမြို့နယ်ရှိ ​ကျေးရွာအများစုမှာ စာကြည့်တိုက်​​တွေ ဖွင့်လှစ်​​ပေးထား ပေမယ့် လူငယ်တွေ စာဖတ်ဖို့ စိတ်မဝင်စားကြဘူးလို့ မြင်းခြံခရိုင်​ ပြန်​/ ဆက်​ရုံ ဦးစီးအရာရှိ ဒေါ်နှင်းရီက ပြောပါတယ်။

"အဓိက​တော့ လူငယ်​​တွေ စာမဖတ်​ကြဘူး။ ဖုန်း​တွေနဲ့ပဲ အချိန်​ကုန်​​နေတာမျိုး​ တွေ့​နေရတယ်​၊ မြင်းခြံခရိုင်​ မြို့နယ်​​တွေရှိ ​ကျေးရွာ​တွေကို စာကြည့်တိုက်​​တွေ ဖွင့်လှစ်​​ပေးခဲ့​ပေမယ့် စာဖတ်​ဖို့ စိတ်​ဝင်​စားသူက ၂၀ ရာခိုင်​နှုန်း​လောက်​ပဲ ရှိတယ်​။ ​ကျေးရွာ​တွေမှာ စာကြည့်တိုက်​တွေကို အချိန်​မှန်​မှန်​ဖွင့်ပေးဖို့ စာကြည့်တိုက်​မှူးလည်း လိုအပ်​တယ်​။  ​ကျေးရွာစာကြည့်တိုက်​​တွေက ​အောင်​မြင်​မှု​ နှေး​ကွေး​နေတာကို​ တွေ့​​နေရတယ်​။ ရွာတွေမှာ စီးပွား​ရေး ဖွံ့ဖြိုးလာရင်​ စာကြည့်တိုက်​​တွေလည်း ဖွံ့ဖြိုးတိုးတက်​လာနိုင်​ပါတယ်​။ လစာ​ပေး စာကြည့်တိုက်မှူးတွေ ထားရှိပြီး ​ကျေးရွာ ပြည်​သူလူထုကလည်း စိတ်​ပါဝင်​စားပြီး ပူး​ပေါင်းပါဝင်​လာကြမယ်​ဆိုရင်​ စာကြည့်တိုက်​​တွေ ​အောင်​မြင်​လာနိုင်​တယ်”လို့ ဒေါ်နှင်းရီက ဒီဗွီဘီကို ​ပြောပါတယ်​။

မြင်းခြံမြို့နယ်ရှိ ​ကျေးရွာ​တွေမှာ စာကြည့်တိုက်ပေါင်း ၁၀၀ လောက်ဖွင့်လှစ်ထားပြီး ကိုယ်​ထူကိုယ်​ထဖွင့်တာနဲ့ လက်​ရှိအစိုးရက စာကြည့်တိုက် တတိုက်​ကို ​ငွေကျပ်​ ၁၀သိန်း ​ထောက်​ပံ့​ပေးခဲ့ပါတယ်။

ဒါ့အပြင် ​ကျေးရွာလူထု ထည့်ဝင်ငွေတွေနဲ့  စာကြည့်တိုက်​​တွေ ဖွင့်နိုင်ခဲ့ပေမယ့် ပြည်​သူလူထုနဲ့ လူငယ်​​တွေ စိတ်​ဝင်​စားမှုမရှိတာ​ကြောင့် ​ကျေးရွာအများစုက စာကြည့်တိုက်​​တွေဟာ တစ်​နှစ်​ပတ်​လုံး ပိတ်​ထားရတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်​။

ဂေါင်းကွဲ​ကျေးရွာ ဦး​ပေါ်ဦးက "ကျ​နော်​တို့ရွာက စာကြည့်တိုက်​က​တော့ တစ်​ခါမှ မဖွင့်ဘူး။ ဘာလို့လည်းဆို​တော့ စာကြည့်တိုက်​မှာ ဖတ်​စရာ စာအုပ်​​တွေ၊ ထိုင်​ခုံ စတာ​တွေ ဘာမရှိပါဘူး။ စာကြည့်တိုက်ကို အမြဲတာဝန်​ယူ ဖွင့်​လှစ်​​ပေးဖို့က ဝန်​ထမ်းလိုအပ်​ပါတယ်​။ ခု ​ကျေးရွာမှာ ကိုယ့် အလုပ်​အကိုင်​​တွေနဲ့ဆို​တော့ ဘယ်​သူကမှ သီးသန့်​တာဝန်​ယူပြီး ဖွင့်​လှစ်​​ပေးဖို့ မလုပ်​နိုင်​ကြသလို စိတ်​ဝင်​စားမှုကလည်း မရှိဖြစ်​​နေတယ်​”လို့ ဆိုပါတယ်​။

မြင်းခြံခရိုင်​ ပြန်​ကြား​ရေးနှင့် ပြည်​သူ့ဆက်​ဆံ​ရေးရုံးမှ လူငယ်​​တွေ စာဖတ်​ရှိန်​ မြင့်လာစေဖို့  စာဖတ်​ဝိုင်း​တွေနဲ့ စာ​ပေအ​ကြောင်းအရာ ​ဆွေး​နွေးပွဲ​တွေကို ပြုလုပ်​​ပေး​နေပြီး ​စေတနာရှင်​ ဝန်​ထမ်းတွေကို  စာကြည့်တိုက်နဲ့ ပတ်​သတ်​တဲ့ အ​ကြောင်းအရာ​တွေ သင်​တန်းပို့ချ​ ပေးနေပါတယ်​။

ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013