DVB Logo
Home
မြန်မာသတင်း
ကလေးတွင် သရက်ခြံလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန် လိုအပ်နေ
DVB
·
June 29, 2018
ကလေးတွင် သရက်ခြံလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန် လိုအပ်နေ
Donate to DVB

ကလေးမြို့ရှိ သရက်ခြံလုပ်ငန်းရှင်တွေအနေနဲ့ ဈေးနှိမ်ခံနေရပြီး ဈေးကွက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် သရက်ခြံ လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းကာ တောင်သူတွေအနေနဲ့ ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးနိုင်မှသာ အဆင်ပြေမယ်လို့ သရက်ခြံ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လတ်တလောမှာ သရက်တောင်သူတွေအနေနဲ့ ဈေးကွက်မှာ ဈေးနှိမ်ခံနေရတယ်။ ထက်ဝက်လောက် နှိမ်တယ်။ သရက်သေတ္တာလိုက် ပို့တာကို ပယ်တဲ့အလုံး ပြန်ပေးပို့ပေးတာ ရှိလာတယ်။ ဒီတော့ သရက်တောင်သူတွေ နစ်နာတယ်။ ဒီတော့ ဈေးကွက် တိုက်ရိုက်ထုတ်ဖို့ အစုအဖွဲ့ ဖွဲ့စည်းပြီး အစိုးရ အကူအညီပါ လိုအပ်နေတယ်”လို့ သရက်ခြံ လုပ်ငန်းရှင် မနေနွယ်က ပြောပါတယ်။

အခုနှစ် သရက်ရာသီမှာ ကလေးမြို့အနေနဲ့ စိန်တလုံး အထွက်နည်းပေမယ့် ပတ္တမြားငမောက်သရက် တိုးထုတ်နိုင်ပြီး သရက်တောင်သူတွေဆီကနေ ကုန်သည် ကောက်ဈေး သရက်တဖာကို ၁၈ဝဝဝ ကျပ်ပေးနေပြီး ပြန်ရောင်းဈေး ၃၅ဝဝဝ ကျပ်ထိ ရှိနေပါတယ်။

ခြံလုပ်ငန်းလုပ်ကိုင်သူ ကိုကြည်က “တခုက သရက်ခြံတွေအတွက် နည်းပညာအကူအညီ လိုအပ်နေတယ်။ သရက်သီးချိန် အသီး အိတ်စွပ်တာတောင် အထဲထိ ပိုးကျတာ ရှိတယ်။ အစုအဖွဲ့သာ ဖွဲ့မယ်ဆို တပြေးညီ ဆေးဖြန်းချိန်ကအစ ညီညွတ်တော့ ပိုကောင်းတယ်။ ခုက ဈေးဖြန်းတဲ့ခြံတွေ အချိန်မညီတော့ ပိုးတွေက ဆေးမဖြန်းသေးတဲ့ ခြံ ကျတယ်။ ဖြန်းတဲ့ခြံကလည်း ပြန်ဝင်တယ်။ နောက်ပြီး အစိုးရ ချေးငွေလည်း လိုအပ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိ ကလေးမြို့ထွက် ပတ္တမြားငမောက် သရက်တွေဟာ ဈေးကွက်အနေနဲ့ ပြည်တွင်း ရန်ကုန်နဲ့ ချင်းပြည် တောင်ပေါ်ဒေသကို ပို့နေရပါတယ်။

ပြည်ပဈေးကွက်အနေနဲ့တော့ တရုတ်ကို တင်ပို့မှု ရပ်ဆိုင်းနေရပြီး တရုတ်ပြည်ကတောင် ပြန်ဝင်နေတာကြောင့် သရက်ကုန်ချော စားသောက်ကုန်အဖြစ်ထိ လုပ်ကိုင်သူတွေလည်း လိုအပ်နေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013