DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း တောင်သူများ တမာစေ့ကောက်ပြီး အပိုဝင်ငွေရနေ
DVB
·
June 29, 2018
မကွေးတိုင်း တောင်သူများ တမာစေ့ကောက်ပြီး အပိုဝင်ငွေရနေ
Donate to DVB

မ​ကွေးတိုင်း၊ ​ချောက်​မြို့နယ်၊​ စ​လေမြို့၊ ​ချောင်းတက်​​ကျေးရွာမှာ ​ဒေသခံ​ တောင်​သူ​တွေဟာ စိုက်​ပျိုးချိန်​မတိုင်​မီ တမာပင်​​အောက်​မှာ တမာစေ့ ​ကောက်​ကြရလို့ ​နေ့စဉ်​ အပိုဝင်​​ငွေ ရနေကြပါတယ်။

တမာစေ့ ၁၆ ပြည်​ ၁ တင်းကို​ ၁၂ဝဝဝ ကျပ်​​ငွေအထိ ​ရောင်းချရပြီး တ​ဦးကို ပျှမ်းမျှ တ​​နေ့ ၃၅ဝဝ မှ ၄ဝဝဝ အပိုဝင်​​ငွေရရှိ​တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

လာ​ကောက်သူတွေဟာ ​ချောင်းတက်​ရွာက အများဆုံးဖြစ်​ပြီး တ​ခါတ​ရံ မန်​ကျည်းဇောက်​ ​ကျေးရွာကလည်း လာကောက်ကြတယ်လို့ ချောင်းတက်​ရွာမှ ​ဒေသခံတဦးက ပြောပါတယ်။

“ရာသီ ၁ နှစ်ကို ၁ လ ​ကျော်​​ကျော်​​တော့ ​ကောက်​ရတယ်​။ ဒီနှစ်​​ကောက်​တဲ့ လူများလာတယ်​။ ဒီနှစ်​မှာ ၁ဝဝ ​ကျော်​​လောက်​ရှိမယ်​။ လူ​ဦး​ရေ၊ ဒီနှစ်က ​ဈေး​တော့ မ​ကောင်းဘူး၊ အရင်​နှစ်​က ဒီထက်​​ဈေး​ကောင်းတယ်​။ မနှစ်က တပြည်​ ၁ ထောင်​​လောက်​​ရောင်းရတယ်​။ ကောက်​တဲ့လူ များလာလို့ ​ဈေးကျသလား​တော့ မ​ပြောတတ်​ဘူး။ ဒီအတိုင်း​တော့ ​ရောင်းရတာမဟုတ်​ဘူး၊ အိမ်​​ရောက်​ရင်​ ​ရေစိမ်​ပြီး အခွံ​ချွတ်​ရတယ်​။ ပြီး​တော့ နေ ပြန်​ပြပြီးမှ ​ရောင်း​ရတာ။”

ချောင်းတက်​​ကျေးရွာက တမာစိ အဝယ်​ဒိုင်​မှ ဦးခင်​စိုးက တမာစေ့တွေကို ပခုက္ကူ၊ ပလိတ်​ တို့ကို တင်​ပို့ရောင်းချတာဖြစ်​ပြီး စို​က်​ပျိုး​ရေး​ဆေး ထုတ်​လုပ်​တဲ့ ​နေရာ​တွေမှာ သုံးတယ်​လို့ သိရ​ကြောင်း ရှင်းပြပါတယ်​။

“အရင်​နှစ်က​ဈေးနဲ့ အခုနှစ်​ ဈေးကွာတာ နှစ်ချက်​ရှိတယ်​။ အရင်​နှစ်က ဝယ်​တဲ့ နယ်​ကုန်​သယ်​က ​ငွေချ​ပေးထားပြီး​တော့ တင်း ဘယ်​​လောက်​အပ်​ရမယ်​ စာချုပ်​နဲ့လုပ်​ရတယ်​။ အဲဒီနှစ်က ဘယ်​လိုဖြစ်​လဲဆိုရင်​ ​ကောက်​တဲ့လူ​တွေက အပင်​​ပေါ်က အသီးစိမ်း​တွေကို တက်​ပုတ်​ပြီး အခွန်​ချွတ်​​ရောင်းကြတာ​တွေ ဖြစ်​လာ​တော့ မမှည့်သေးတဲ့ အသီး​တွေဖြစ်​ကုန်​ပြီး အစေ့ထဲက ဝတ်​ဆံက မ​အောင်​ဘူး။ အဓိက အစေ့ထဲက အဆံကို သူတို့က အသုံးပြုကြတာ။ ​ငွေကလည်း ​ပေးထားပြီးသားဆို​တော့ မသိမ်းလို့လည်း မရ​တော့ဘူး၊ အဲဒါ​ကြောင့် ဒီနှစ်မှာ​တော့ မှည့်လို့​ကြွေတဲ့ အသီးထဲက အစေ့ကိုပဲ ​သေချာ​ပြောဝယ်​ရတာ​ပေါ့။ အဲဒါ​ကြောင့် ဒီနှစ်မှာ ကျနော်တို့လို ဝယ်​တဲ့လူ​တွေက ​ငွေရင်းရတယ်​။ တပိုင်​တနိုင်​ဆိုသလို တင်း ၄ဝ ​ကျော်​​လောက်​ရရင်​ တခါ တင်​ပို့တယ်​။ ရောင်းတဲ့​နေရာမှာ ​ဈေးပုံ​သေ မထား​တော့ဘဲ သူတို့ဆီက အလုပ်​သမား ၅ ဦး​လောက်​ကို အစေ့ ၁၀၀ စီ ​ပေးပြီး ကွမ်းညှပ်​နဲ့ ခွဲခိုင်းတယ်​။ အဲဒီထဲက​နေမှ သူတိုလိုချင်​တဲ့ အရည်​​သွေး ၁၀၀ မှာ ၆၀ ပါရင်​ ဘယ်​​ဈေး၊ ၅၀ ပါရင်​ ဘယ်​​ဈေး ဆိုပြီး ​အဲလို​ဈေးဖြတ်​ဝယ်​တယ်​။”

စ​လေမြို့ သွားလမ်း​ဖြစ်​တဲ့ မိုလာရွာလမ်းခွဲမှ ဝင်​သွားရင် လမ်း​ဘေးဝဲယာမှာ​ အသီးပြိုင်​ပြိုင်​သီး​နေ​တဲ့ ၅ မိုင်​အရှည်​လောက်ရှိတဲ့ တမာပင်​​လေးတွေကို တွေ့ရပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013