DVB Logo
Home
မြန်မာသတင်း
တောင်သူများ ကန့်ကွက်နေသည့်ကြားမှ လယ်မြေထဲ ရေနုတ်မြောင်း တူးဖော်
DVB
·
June 29, 2018
တောင်သူများ ကန့်ကွက်နေသည့်ကြားမှ လယ်မြေထဲ ရေနုတ်မြောင်း တူးဖော်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဝဲဝန်းကျေးရွာမှာ ဇွန်လ ၂၈ ရက်နေ့က တောင်သူလေးဦးရဲ့ ပုံစံ (၇) လယ်မြေထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ရဲတပ်ဖွဲ့ အပါအဝင် အင်အား ၆ဝ ကျော်လောက်က အဓမ္မ ဝင်ရောက်ပြီး ရေနုတ်မြောင်း တူးဖော်သွားတာကြောင့် တောင်သူတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

ဇွန် ၂၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ကွင်းအမှတ် ၃၃၆-က ဆိတ်ပြန်ကြီး တောင်ကွင်းမှာ ရေနုတ်မြောင်း တူးဖော်ဖို့ အသိပေး အကြောင်းကြားစာ တောင်သူတွေဆီကို ပို့ခဲ့တာကြောင့် ဇွန်လ ၂၇ ရက်နေ့မှာ တောင်သူတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြီး မြေပြင်ကို ကွင်းဆင်းတိုင်းတာစစ်ဆေးဖို့နဲ့ စိုက်ပျိုးပြီးသား လယ်မြေတွေ ပျက်စီးနိုင်တာကြောင့် ရေနုတ်မြောင်း တူးဖော်တာကို ကန့်ကွက်စာတင်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်သူ မအေးသန်းခိုင်က “ကျမတို့လယ်ထဲမှာ ရေနုတ်မြောင်းဆိုတာမရှိခဲ့ဘူး။ ဟိုအရင်က ရဲနွယ်တာကျိုးခဲ့လို့ မူလရိုးကပျောက်သွားတာ။ ခုကျမတို့ လယ်တွေက အနိမ့်ပိုင်းဆိုတော့ ရေက ကျမတို့လယ်ထဲက စီးတယ်။ ဒါကိုရေနုတ်မြောင်းပါဆိုပြီး လာတူးကြတာပဲ။ ကျမတို့ ကန့်ကွက်စာ ပို့တယ်။ ကွင်းဆင်းစစ်ဆေးပေးဖို့ ဒါကို တောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းတာလည်း မရှိဘူး။ ကွင်းဆင်းစစ်ဆေးတိုင်တာမျိုးလည်း မလုပ်ဘဲ အာဏာရှင်ဆန်ဆန် ရဲအင်အားတွေနဲ့ လာရောက်တူးဖော်သွားတာ” လို့ ပြောပါတယ်။

တောင်သူလေးဦးရဲ့လယ် ၁၆ ဧကထဲက တူးဖော်သွားတာကြောင့် စိုက်ပျိုးပြီးသား စပါးများ ပျက်ဆီးသွားခဲ့သလို ရိတ်သိမ်းချိန်နဲ့ ဆောင်းသီးနှံ စိုက်ပျိုးချိန်တွေမှာ ကုန်ထုပ်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ရေနုတ်မြောင်း ပိတ်ထားတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး အရင်မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထက်မှာ ကျေးရွာလယ်စည်ကနေတဆင့် ရွာသူရွာသားတွေက ရေနုတ်မြောင်း တူးဖော်ပေးဖို့ စာတင်ထားခဲ့တာကြောင့် ပိတ်ထားတဲ့ တောင်သူလေးဦးနဲ့ တွေ့ဆုံညှိနှိုင်း ပေးခဲ့တာကို လက်မခံခဲ့တာလို့ ပြောပါတယ်။

ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်  “ပိတ်ထားတဲ့ တောင်သူလေးဦးနဲ့ တွေ့ဆုံညှိနှိုင်းတာကိုလက်မခံခဲ့တာကြောင့် ခုကျနော်ရောက်လာတဲ့ အချိန်မှာ ဒီကိစ္စကို ဆက်လက်တင်ပြလာတာတယ်။ မြို့နယ်လယ်စည်အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ညှိနှိုင်းပြီး မြေစာရင်းမြေပုံမှာ ရေမြောင်းရှိပါတယ်ဆိုတဲ့အတွက်ကြောင့် ပြန်လည်တူးဖော်ခြင်းဖြစ်တယ်” ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပါက မြေစာရင်းမြေပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မူလရိုးဟောင်းကိုသာ ပြန်လည်တူးဖော်သင့်သလို ရေနုတ်မြောင်းတူးဖော်သွားတာကြောင့် လယ်ယာမြေပျက်စီးဆုံးရှုံးမှုတွေအတွက် အထက်အဆင့်ဆင့်ကို တိုင်ကြားသွားမှာဖြစ်သလို တောင်သူတွေ ဆန္ဒထုတ်ဖော်သွားမယ်လို့လည်း သိရပါတယ်။

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013