DVB Logo
Home
မြန်မာသတင်း
ထိုင်းလိုဏ်ဂူထဲ ပိတ်မိသူများကို မြန်မာဘက်ခြမ်း ဂူတခုတွင် ရှာဖွေ
DVB
·
June 29, 2018
ထိုင်းလိုဏ်ဂူထဲ ပိတ်မိသူများကို မြန်မာဘက်ခြမ်း ဂူတခုတွင် ရှာဖွေ
Donate to DVB

ထိုင်းနိုင်ငံလိုဏ်ဂူထဲ ပျေက်ဆုံးနေတဲ့ကလေးတွေ ရှာဖွေတွေ့ရှိနိုင်ရေး မယ်ဆိုင်နယ်စပ် မြန်မာဘက်ခြမ်း တာချီလိတ်မှာ အဆင်သင့်ပြင်ဆင်ထားတယ်လို့ တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်းဂူကြီးထဲမှာ လူငယ် ၁၃ ဦး ပိတ်မိနေမှုနဲ့ ပတ်သက်ပြီး အဲဒီဂူရဲ့ ထွက်ပေါက်ဟာ အိမ်နီးချင်း မြန်မာနိုင်ငံ တာချီလိတ်ခရိုင်မှာ ရှိနိုင်တယ်လို့  ယူဆတာကြောင့် ထိုင်းက မြန်မာဘက်ကို ကူညီရှာဖွေပေးဖို့ တောင်းခံလာ ခဲ့ပါတယ်။

ဒီအတွက် တာချီလိတ်အာဏာပိုင်တွေက မနေ့က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ဂူတခုမှာ ရှာဖွေကြည့်ခဲ့ပေမယ့် ဘာမှထူးခြားတာမတွေ့ဘူးလို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

“ဟိုဘက်က နယ်စပ်နဲ့ ကပ်နေတဲ့အချိန်ကျတော့ သူတို့ဘက်က ဂူတွေက ကျနော်တို့ ဘက်ကို ထွက်လာနိုင်တယ်လို့ သူတို့က ယူဆတော့ ကျနော်တို့ဘက်က ဘာပဲဖြစ်ဖြစ် နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်မြို့အချင်းချင်း ကူညီရမယ့် အတိုင်းအတာဆိုတော့ ကျနော်တို့ဘက်မှာလည်း နည်းနည်းရှာဖွေပေးတာပေါ့နော်။ တကယ်အမှန်ကတော့ ဂူက တဆက်တည်းတော့ မဖြစ်နိုင်ဘူး နယ်မြေအနေအထားအရ။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုအနေနဲ့   ကျနော်တို့ဘက်က ကူညီကယ်ဆယ်ရေးအဖွဲ့ မနေ့ကတော့ ဖြစ်နိုင်တဲ့နေရာကို လိုက်ပြီးတော့ ကြည့်ပေးတာပေါ့။ ဒီနေ့လည်း ကျနော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ တခြားသော ဒေသခံပြည်သူတွေနဲ့ အသိပေးပြီး စောင့်ကြည့်ခိုင်းထားတာပေါ့။”

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း ဂူကြီးထဲမှာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက် ညနေက မြို့နယ်လက်ရွေးစင် လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြဆရာ ၁ ဦးတို့ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

လူငယ်တွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့်သတ်မှတ်ပြီး ဒီကနေ့အထိ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် မတွေ့သေးပါဘူး။

အိမ်နီးချင်း မြန်မာအနေနဲ့ လိုဏ်ဂူအတွင်း ပိတ်မိနေကြတဲ့ လူငယ်တွေကို ကယ်ဆယ်ရေး မှာ အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက မနေ့က ကြေညာချက်ထုတ်ပြန်  ပြောဆိုပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ လိုဏ်ဂူထဲပိတ်မိနေတဲ့ ထိုင်းလူငယ်တွေ ကယ်ဆယ်ရေးမှာ အပြည့်အဝ ပူးပေါင်းကူညီလုပ်ဆောင်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရ တို့ကို ညွှန်ကြားထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013