DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြပွဲတွင်ပါဝင်သဖြင့် ဗကသအဖွဲ့ဝင်ကျောင်းသား ဖိအားပေးခံရ
DVB
·
July 10, 2012
Donate to DVB

တောင်တွင်းကြီး သူနာပြုတက္ကသိုလ်မှာ ပညာသင်နေတဲ့ ဗကသအဖွဲ့ဝင်တဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဆန္ဒပြပွဲမှာ ပါဝင်လို့ဆိုပြီး အာဏပိုင်တွေက ဖိအားပေးနေတယ် လို့ မြေလတ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းငြိမ်းသူ က ပြောပါတယ်။

ဗကသ (မြေလတ်)ရဲ့ တွဲဘက်တာဝန်ခံ မသိင်္ဂီခိုင်မိုးဟာ သူနာပြု တက္ကသိုလ် ကျောင်းသူ တဦးဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့က မြစ်ကြီးနားမြို့ ဂျာမိုင်းနှစ်ခြင်း ခရစ်ယာန်ကျောင်းက ဒုက္ခသည်တွေ ဆန္ဒပြရာမှာ ပါဝင်တာကြောင့် သူရထားတဲ့ ထောက်ပံ့ကြေးဖျက်ပြီး ကျောင်းထုတ်ပစ်မယ်လို့ ဖိအားပေးခဲ့ကြောင်း ကိုချမ်းငြိမ်းသူက ပြောပါတယ်။

“သူနာပြုတက္ကသိုလ်က မသိင်္ဂီခိုင်မိုးကို ၆ လပိုင်း ၇ ရက်နေ့ ၀တ်ပြုဆုတောင်းပွဲအပြီးမှာ သူ့ပုံက ဒီဗွီဘီမှာ ပါသွားတဲ့အတွက် သူ့ကို ပါမောက္ခက ခေါ်ပြီးဖိအားပေးတယ်။ သူက ထောက်ပံ့ကြေးလည်းရနေတဲ့ ကျောင်းသူဖြစ်တဲ့အတွက် သူ့ကို စတိုင်ပင်ပေးထားတဲ့ ဘွဲ့လည်းဖြုတ်ချမယ်၊ ကျောင်းလည်း ရပ်နားမယ်ဆိုပြီး ဖိအားပေးလာတယ်။ စရဖတွေကလည်း ပါမောက္ခကို ဖိအားပေးပုံရတယ်။ ၀န်ခံကတိ လက်မှတ်သွားထိုးတယ်။”

ဒီလို ကျောင်းကနေပြီး ဖိအားပေးလာတဲ့အတွက် ကျောင်းဆက်တက်နိုင်ရေးအတွက် မသိင်္ဂီခိုင်မိုးကို ဗကသအဖွဲ့ကနေ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်းလည်း ကိုချမ်းငြိမ်း က ပြောပါတယ်။

“သူ့ကို ဖိအားပေးတဲ့အတွက် သူက ကျနော်တို့ကို အမှန်အတိုင်း ၀န်ခံပြီး ကြောက်တယ် လို့ ပြောလို့ ထွက်ခွင့်ပေးလိုက်တယ်။ ကျောင်းသားတယောက်ကို ဒီလိုကိစ္စတွေ လုပ်လို့ ကျောင်းထုတ်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ပါမောက္ခက ကျနော်တို့ဆီက ထွက်စာရမှ သူ့ကို ကျောင်းပြန်တတ်ခွင့်ပေးမယ်လို့ ပြောတယ်။ ဒါကြောင့်ထွက်ခွင့်ပေးလိုက်ပါတယ်။ သူ့နေရာမှာ ပြန်အစားထိုးဖို့လည်း စဉ်းစားထားပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့တုန်းကလည်း ဆဲဗင်းဇူလိုင်အခမ်းအနား မဖြစ်မြောက်ရေးအတွက် နိုင်ငံတ၀ှမ်းက ဗကသ ကျောင်းသား ၂၀ လောက် ထိန်းသိမ်းခံခဲ့ရပြီး နောက်တနေ့ မှာ ပြန်လွတ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013