DVB Logo
Home
မြန်မာသတင်း
၈ နှစ်​အရွယ်​ကျောင်းသူကို ပ​ထွေးဖြစ်​သူက အဓမ္မပြုကျင့်
DVB
·
June 28, 2018
၈ နှစ်​အရွယ်​ကျောင်းသူကို ပ​ထွေးဖြစ်​သူက အဓမ္မပြုကျင့်
Donate to DVB

တနင်္သာရီတိုင်း၊ မော​တောင်​မြို့အနီး သိန်​ခွန်းကျေးရွာအုပ်​စု အမှတ်​(၈)​ကျေးရွာနဲ့ တစ်​မိုင်​ခွဲလောက်ဝေးတဲ့​​ ​တောင်​ယာစိုက်​ခင်း​နေအိမ်​မှာ ၈နှစ်အရွယ် ကျောင်းသူကို ပထွေးက အဓမ္မပြုကျင့်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဇွန်​လ ၁၈ ရက်​ မနက်ပိုင်းက မိခင်​ဖြစ်​သူ ဈေးဝယ်​ဖို့အတွက်​ ၈ နှစ်​အရွယ် ​ဒုတိယတန်း ​ကျောင်းသူနဲ့ ၅ နှစ်​အရွယ်​ မူကြိုတန်း ကျောင်းသူ ၂ ​ဦးကို​ နောက်​အိမ်​​ထောင်​ဖြစ်​သူ ဦး​ကျော်​သန်းနဲ့ အတူထားခဲ့စဉ် အခင်းဖြစ်ပွားခဲ့တာပါ။

မိခင်ဖြစ်သူက ဈေးဝယ်အပြီး နေအိမ်ကို ပြန်ရောက်ချိန် သမီးအကြီးဖြစ်​သူမှာ အိပ်​ယာထဲ အိပ်​​နေလို့ သွားနှိုးရာ သမီးအငယ်က​​ ပ​ထွေးဖြစ်​သူက အမကြီးကို အဓမ္မပြုကျင့်ကြောင်း မိခင်ကို ပြောပြခဲ့ပါတယ်။

မိခင်​က ပ​ထွေးဖြစ်​သူ မရှိခိုက် သမီးကြီးကို မေးမြန်းရာမှာ ပထွေးဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်းနဲ့ မိ​ခင်​အားပြန်​​ပြောရင် သတ်​ပြစ်​မယ်လို့  ပထွေးဖြစ်သူက ခြိမ်းခြောက်ခဲ့တယ်လို့လည်းဆိုပါတယ်။

ပထွေးဖြစ်သူ ဦးကျော်သန်းဟာ ညနေ ၅ နာရီလောက်မှာ ရွာထဲရှိ နေအိမ်ကိုပြန်လာပြီး ​ ရန်ရှာမှာစိုးလို့ ​တောင်​ယာ စိုက်​ခင်း​နေအိမ်​ကို မပြန်​ရဲဘဲ ရွာထဲမှာ တပတ်လောက်နေအပြီး ​ကျေးရွာဒေသခံတွေက ဒီိကိစ္စ သိရှိသွားပြီး ​​နောက်​ထပ်​အလားတူ ဖြစ်​ရပ်​တွေ ဖြစ်​လာမှာ စိုးရိမ်တဲ့အတွက် ဇွန်​ ၂၇ ရက်​​ မနက်ပိုင်းမှာ​ မိခင်​ဖြစ်​သူ ​ဒေါ်သန်းရီက ​မော​တောင်​မြို့ ရဲစခန်းမှာအမှုဖွင့် တိုင်​တန်းခဲ့ပါတယ်။

ပ​ထွေးဖြစ်​သူ​ ဦးကျော်သန်းကတော့ ဒီကိစ္စ မဟုတ်​မမှန်​​ကြောင်း ပြန်လည်ငြင်းဆို ထားပါတယ်။

မောတောင်ရဲစခန်းက ဦးကျော်သန်းကို တောင်ယာစိုက်ခင်းနေအိမ်ကနေ ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ-၃၇၆နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ​မော​တောင်​မြို့ ရဲစခန်း စခန်းမှူး ဒုရဲအုပ်​ ဦးဝင်းလှိုင်​ထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013