DVB Logo
Home
မြန်မာသတင်း
အိမ်အကူ မကရင်မ သေဆုံးမှု အိမ်ရှင်တပ်မတော်အရာရှိ၏ ဇနီးကို ရုံးထုတ်စစ်ဆေး
DVB
·
June 28, 2018
အိမ်အကူ မကရင်မ သေဆုံးမှု အိမ်ရှင်တပ်မတော်အရာရှိ၏ ဇနီးကို ရုံးထုတ်စစ်ဆေး
Donate to DVB

ရန်ကုန်တိုင်း၊ တွံ​တေးမြို့နယ်​ အုတ်​ဖို​ကျေးရွာက အိမ်​အကူ မကရင်​မ​ သေဆုံးမှုနဲ့ ပတ်​သက်​ပြီး အိမ်​ရှင်​ဖြစ်​သူ ဥပ​ဒေအရာရှိ ​မသိင်္ဂီစုကို ​တောင်​ပိုင်း ခရိုင်​တရားရုံးမှာ ဇွန်​လ ၂၈ ရက်​​နေ့က ရုံးထုတ်​စစ်​​ဆေး​နေပါတယ်​။

အုတ်ဖိုကျေးရွာနေ မခင်စန္ဒာနန်းဦး (ခ)မကရင်မ (၃၈-နှစ်)ဟာ လွန်ခဲ့တဲ့ ၆ လလောက်က လှည်းကူးမြို့နယ်ရှိ အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေ တပ်မတော် အရာရှိတဦးရဲ့နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေရင်း သေဆုံးခဲ့တာပါ။

မေလ ၁၉ ရက်မှာတော့ အဆိုပါ တပ်မတော်အရာရှိရဲ့ ဇနီး ဥပဒေအရာရှိဖြစ်သူ ဒေါ်သိင်္ဂီစုက မကရင်မကို နေအိမ်ကို ပြန်ပို့ပေးခဲ့ရာမှာ အိမ်ရောက်ပြီး နှစ်နာရီအတွင်းမှာပဲ မကရင်မ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူ မကရင်မဟာ အသက် ၁၅ နှစ်၊ ၁၄ နှစ်၊ ၁၂ နှစ် နဲ့ ၁၀ နှစ်အရွယ် သားသမီး လေးဦးရှိပြီး ခင်ပွန်းဖြစ်သူကတော့  လွန်ခဲ့တဲ့ လေးနှစ်ကတည်းက သေဆုံးသွားခဲ့တာပါ။

အင်းတိုင်သံချပ်ကာတပ်ရင်းက တပ်မတော်အရာရှိရဲ့ဇနီးဥပဒေအရာရာရှိ ဒေါ်သိင်္ဂီစုကို တွံတေးမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စုက ရာအိမ်မှူး ဦးအေးသောင်းကနေ တရားလိုလုပ်ပြီး တွံတေးရဲစခန်းမှာ လူသတ်မှု ၃၀၂ ပုဒ်မနဲ့ အမှုဖွင့်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013