DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ ကလေး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ
DVB
·
June 28, 2018
ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ ကလေး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်အွမ်ကျေးရွာမှာ ဒီမနက်အစောပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ တယ်လို့  တီအန်အယ်လ်အေ တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဒီကနေ့ မနက် ၆ နာရီလောက်မှာ တပ်မ ၈၈ လက်အောက်ခံတပ်က အဲဒီရွာကို ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ပတ်ခတ်ခဲ့လို့ ရွာသားတွေဒဏ်ရာရရှိခဲ့တာလို့ PSLF/TNLA သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“ဒီမနက် မန်နိမ်အွမ်ရွာထိပ်မှာ ဖြစ်တာပေါ့။ မနက် ၆ နာရီလောက်က တပ်မတော် ဘက်က မနက်ရွာထိပ်ရောက်တယ်။ အဲဒီကနေ့ပြီးမှာ ရွက်ထဲမှာ လက်နက်ကြီး ၈ ကြိမ် လောက် ပစ်တယ်။ ပစ်ပြီးမှ ရွာသားတွေအကုန်လုံး ထိခိုက်ဒဏ်ရာရတယ်။  ဒဏ်ရာရတာ ၈ ဦး၊ တဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ကွတ်ခိုင်ဆေးရုံကို ပို့ဖို့အတွက် လမ်းမှာပဲဆုံးသွားတာ။ ”

ဒဏ်ရာရသူတွေထဲမှာ အသက် ၇ နှစ်ကနေ အသက် ၅၀ နှစ်အကြား ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ကလေးဟာ အသက် ၈ နှစ်အရွယ် မိုင်းကိုကိုဖြစ်ပါတယ်။  ကျန်ဒဏ်ရာရရှိတဲ့ သူတွေကိုတော့ ရွာက သူနာပြုဆရာမကပဲ ကုသပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013