DVB Logo
Home
မြန်မာသတင်း
လက်ဖက်တောင်သူ ၃၀၀၀ ကျော်ကို  ချေးငွေထုတ်ချေးပေးမည်
DVB
·
June 28, 2018
လက်ဖက်တောင်သူ ၃၀၀၀ ကျော်ကို  ချေးငွေထုတ်ချေးပေးမည်
Donate to DVB

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပုံစံ ၇ ရဖို့အတွက် တိုင်းတာရခက်တဲ့ တောင်ပေါ် ဒေသတွေက လက်ဖက်တောင်သူတွေကို  ခြွင်းချက်အနေနဲ့ ပုံစံ ၇ မတောင်းပဲ လက်ဖက် ထုတ်လုပ်မှု စရိတ်ချေးငွေတွေကို ထုတ်ချေးပေးသွားဖို့ ရှိပါတယ်။

ပုံစံ ၇ မလိုပေမယ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဆီက အမှန်တကယ် ထုတ်လုပ်မှု ရှိမရှိကို ထောက်ခံချက်တောင်းပြီး ဇွန်လနဲ့ ဇူလိုင်လအတွင်း ထုတ်ချေးပေး သွားမှာပါ။

ဒီချေးငွေကနှစ်ချင်းဆပ် ချေးငွေဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာ ပြန်လည်ကောက်ခံမှာပါ။ ချေးငွေနှုန်းက လက်ဖက်ထုတ်လုပ်သူတစ်ဦးကို တစ်ဧက ငါးသောင်းနှုန်းနဲ့ ဆယ်ဧကအထိ ချေးပေးသွားမှာပါ။

ဒီချေးငွေကို ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ နောင်ချိုနဲ့ မိုးကုတ် မြို့နယ်က လက်ဖက်စိုက်တောင်သူ ၃၀၀၀ ကျော်ကို ထုတ်ချေးပေးသွားဖို့ ရှိပါတယ်။

ဒါ့အပြင် စိုက်ပျိုးမွေးမြူရေး နှစ်ဆင့်ချေးငွေနဲ့ လက်ဖက်ခြောက်ထုတ်လုပ်တဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကိုလည်း စက်ကိရိယာနဲ့ ထုတ်လုပ်လာနိုင်ဖို့ တစ်ဦးကို ကျပ်သိန်း ၂၀ အထိ ထုတ်ချေးပေးသွားဖို့ရှိပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ သီးနှံသုံးရာသီအတွက် ကျပ်ငွေ ဘီလီယံပေါင်း ၁၇၀၀ နီးပါးထုတ်ချေးခဲ့ပြီး စိုက်ပျိုးမွေးမြူရေး နှစ်ဆင့် ချေးငွေက ၂၀၁၈ ခုနှစ် ဇွန်လလယ်အထိ ကျပ်ငွေ သိန်းပေါင်း ၃၀၀၀ နီးပါး ထုတ်ချေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013