DVB Logo
Home
မြန်မာသတင်း
တာမွေဆန္ဒပြပွဲတွင် အရပ်ဝတ်များကို ရဲတပ်ဖွဲ့က တားဆီးခဲ့ခြင်းမရှိဟု ကော်မရှင်ထုတ်ပြန်
DVB
·
June 27, 2018
တာမွေဆန္ဒပြပွဲတွင် အရပ်ဝတ်များကို ရဲတပ်ဖွဲ့က တားဆီးခဲ့ခြင်းမရှိဟု ကော်မရှင်ထုတ်ပြန်
Donate to DVB

စစ်ပွဲတွေရပ်တန့်ဖို့အတွက် ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ အုပ်ချုပ်ရေးတာဝန်ရှိသူ တွေဟာ ကြိုတင် ဆွေးနွေးတိုင်ပင်တာ မလုပ်ခဲ့သလို တန်ပြန်ဆန္ဒပြမယ့် သူတွေရှိနေတာကို ကြိုပြီး သတင်းရပေမယ့် တားဆီးတာတွေ မလုပ်ခဲ့ဘူးလို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ပဲ ထုတ်ပြန်ပါတယ်။

မေလ ၁၂ ရက်နေ့က တာမွေအဝိုင်းနားမှာ စစ်ပွဲတွေ ရပ်တန့်ရေး ဆန္ဒပြသူတွေကို အရပ်ဝတ်တွေက ဖမ်းဆီး ရိုက်နှက်တာ၊ သတင်းယူနေတဲ့ မီဒီယာတွေကို ခြိမ်းခြောက်တာတွေ လုပ်ခဲ့တာပါ။

ဒါနဲ့ ပတ်သက်လို့ ကော်မရှင်ကို တိုင်တန်းခဲ့တဲ့အပေါ် မှတ်တမ်း ဓာတ်ပုံ၊ ဗွီဒီယိုတွေကို ကြည့်ရှုသလို ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေ၊ တိုင်တန်းသူတွေနဲ့ ဝိုင်းဝန်းဖမ်းဆီးခဲ့သူ အရပ်ဝတ်တွေကို ခေါ်ယူ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်မယ့်သူတွေဟာ ကြိုတင်အသိပေးခဲ့ပေမယ့် ဒေသန္တရအမိန့်အရ ခွင့်ပြုချက်မပေးခဲ့ဘဲ အဲဒါကို ကြိုတင်တွေ့ဆုံရှင်းလင်းတာတွေလည်း မလုပ်ခဲ့ဘူးလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က “ခွင့်မပြုဘူးဆိုရင်လည်း ကြိုတင်တားဆီးဖို့ လိုတာပေါ့နော်။ တန်ပြန်ဆန္ဒပြတဲ့သူတွေကတော့ ပိုဆိုးတာပေါ့။ သူက ကြိုတင် တင်ပြတာ မရှိပဲ ဆန္ဒပြခဲ့တာလေ” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရာမှာ ဝိုင်းဝန်း ချုပ်နှောင်ပေးခဲ့တဲ့ အရပ်ဝတ်တွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဘယ်သူက ခိုင်းတယ်လို့ မဖြေဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်ခဲ့တာလို့ ဖြေတယ်လို့လည်း ဦးယုလွင်အောင်က ပြောပါတယ်။

“ထုတ်ပြန်ချက်ထဲမှာတော့ ခပ်ပါးပါးပဲ ရေးထားတာပေါ့လေ။ ပြည်ထဲရေးကို ပို့တဲ့စာမှာတော့ အသေးစိတ်ရေးထားပါတယ်။ သူတို့ လိုအပ်သလို အရေးယူပါလိမ့်မယ်။ ရဲရော၊ ထွေအုပ်ရောက ပြည်ထဲရေးအောက်မှာ ရှိနေတော့လေ”လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းရယူတဲ့ သတင်းမီဒီယာသမားတွေအနေနဲ့ သတင်းမီဒီယာဥပဒေ၊ သတင်း မီဒီယာကျင့်ဝတ်တို့နဲ့ အညီလိုက်နာဆောင်ရွက်သင့်ပြီး သတင်းမီဒီယာသမားအဖြစ် သိသာထင်ရှားစေတဲ့ အမှတ်အသားတွေ အသုံးပြု သတင်းရယူသင့်တယ်လို့လည်း ကော်မရှင်က အကြံပြုထားပါတယ်။

ဒီဖြစ်စဉ်မှာ တန်ပြန်ဆန္ဒပြသူတွေ၊ တရားဝင် တာဝန်ပေးတာမရှိဘဲ အရပ်ဝတ်နဲ့ ဝင်ရောက်စွက်ဖက် ဖမ်းဆီးခဲ့သူတွေကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013