DVB Logo
Home
မြန်မာသတင်း

မူးယစ်ဆေးဝါး သတင်းပေးသူ၊ ဖမ်းဆီးသူနှင့် အစိုးရ အချိုးကျခွဲဝေမည်

နေဖြိုးဝင်း
·
June 27, 2018
မူးယစ်ဆေးဝါး သတင်းပေးသူ၊ ဖမ်းဆီးသူနှင့် အစိုးရ အချိုးကျခွဲဝေမည်
Donate to DVB

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်ပြီး သတင်းပေးတဲ့ သူ၊ ဖမ်းဆီးတဲ့သူနဲ့ အစိုးရ သုံးဦးသုံးဖလှယ် အချိုးကျခွဲဝေသွားဖို့ရှိတယ်လို့  နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လ ၂၇ ရက်က မီဒီယာတွေကို ပြောပါတယ်။

“ရာခိုင်နှုန်းတွေက ၂၉ ရက်နေ့ ပြည်ထဲရေးမှာ အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်။ မူးယစ်ဆေးဝါး ဥပဒေပြင်လိုက်တယ်။ ပြင်လိုက်တဲ့အပေါ်မှာ နည်းဥပဒေဆွဲမယ်။ နည်းဥပဒေမှာ ၁၀၊ ၂၀ ၊ ၇၀ လို့ အကြမ်းဖျဉ်း လျာထားတယ်။ ဒါပေမယ့် နည်းဥပဒေဆွဲပြီးမှ အတည်ဖြစ်မှာ၊ ဆိုလိုတာ မူးယစ်ဆေးဝါးသတင်းပေးလို့ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ကိစ္စတွေမှာ အနည်းဆုံး လူတယောက်ကို သိန်း ၁၃၀ လောက်ပေးဖို့ တွက်ထားပြီးပြီ” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အခုလို အချိုးကျရမှာဖြစ်တဲ့အတွက် မူးယစ်ရဲဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကိုလည်း ချီးမြှင့်ရာရောက်တယ်လို့ ပြောပါတယ်။

“အထူးသဖြင့် မူးယစ်ရဲဝန်ထမ်းတွေကို မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ များများဖမ်းလေ နိုင်ငံတော်က ချီးမြှင့်တဲ့ ပိုက်ဆံ များများရလေပေါ့။ သူတို့ရဲ့ လုံခြုံရေးလည်း သတိပြုရပါတယ်။ နောက်သူတို့ရဲ့ စားဝတ်နေရေးကိုလည်း ချီးမြှင့်ရာရောက်တဲ့အတွက် သူတို့များများဖမ်းလေ များများရလေပေါ့။ မူးယစ်ရဲတွေလည်း မူးယစ်ဆေးဝါးအမှုတွေကို ဂုဏ်သိက္ခာရှိရှိ ဖော်ထုတ်နိုင်မယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

သတင်းပေးသူရဲ့ လုံခြုံရေးအတွက် ဘယ်သူမှန်းမသိအောင် ဆုချီးမြှင့်တာကိုလည်း သတင်းထုတ်ပြန်သွားမှာ မဟုတ်သလို ချီးမြှင့်ငွေအတွက်လည်း အခွန်ကင်းလွတ်ခွင့် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ဖွဲ့စည်းပြီးဖြစ်တယ်လို့လည်း ဇွန်လ ၂၆ ရက်က နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပြီး ဆက်သွယ်တိုင်ကြားရမယ့် ဖုန်းနံပတ်တွေကိုလည်း ကြေညာထားပါတယ်။

မူးယစ်ဆေးဝါးမှုတွေကို ဖမ်းဆီးဖို့အတွက်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို လည်း သီးခြား ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013