DVB Logo
Home
မြန်မာသတင်း
မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်း စံချိန်တင်မြင့်တက်နေ
DVB
·
June 27, 2018
မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်း စံချိန်တင်မြင့်တက်နေ
Donate to DVB

မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၄၀၀ ဝန်းကျင်အထိ မြင့်တက်လာတာကြောင့် စံချိန်တင်အနေအထားကို ရောက်ရှိနေပါတယ်။

လက်ရှိအချိန်ဟာ နေပြည်တော်မှာ ကျောက်မျက်တနာအရောင်းပြပွဲကြီး ကျင်းပနေတာကြောင့်လည်း ပြည်တွင်းဈေးကွက်မှာ ဒေါ်လာ ဝယ်လိုအားများပြီး ကမ္ဘာ့ပေါက်ဈေးထက် မြန်မာပြည်မှာ ဒေါ်လာဈေး ပိုလို့များနေတာပါ။

ကမ္ဘာ့ဒေါ်လာဈေးကွက်မှာလည်း ဗြိတိန်နိုင်ငံက ဥရောပဘုံဈေးကွက်က နုတ်ထွက်ပြီးတော့ ဗြိတိန်ဈေးကွက်ကို လာမယ့် ၂၀၁၉ ခုနှစ်မှာ စတင်ထူထောင်ဖို့ ပြင်ဆင်နေတာကြောင့် အမေရိကန်ဒေါ်လာ ဝယ်လိုအားများပြီး ဈေးတက်နေပါတယ်။

ကမာ့္ဘရွှေဈေးတွေ ကျနေပေမယ့် ပြည်တွင်းဒေါ်လာဈေးတွေ တက်နေတာကြောင့် ပြည်တွင်းမှာ ရွှေဈေးတွေတက်နေပြီးတော့ အရောင်းအဝယ် အေးနေတယ်လို့ တိတ်စိန်ရွှေဆိုင်က ကိုဇော်အောင်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာဈေးကွက်မှာ ရေနံဈေးတွေ ကျနေပေမယ့် ပြည်တွင်းဒေါ်လာဈေး တက်နေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးတွေလည်း တက်နေပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲတွေနဲ့ မြောက်ကိုရီးယား ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကြောင့်လည်း ကမ္ဘာ့ဒေါ်လာဈေးဟာ အမြင့်ပိုင်းမှာ ဆက်လက် ရပ်တည်နေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။

ဇွန်လ ၂၇ ရက် ငွေလဲလှယ်နှုန်းကတော့ ဗဟိုဘဏ်ရည်ညွှန်းသတ်မှတ်ဈေး  အမေရိကန် တဒေါ်လာကို ၁၂၈၅ ကျပ်ရှိပြီး ပုဂ္ဂလိကဘဏ်တွေရဲ့ ပေါက်ဈေး ၁၃၉၆ ကျပ်ဈေးနှုန်းဝန်းကျင် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013