DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် အမျိုးသမီး ၁၂၀ ကျော်ဖမ်းဆီးရမိ
DVB
·
June 27, 2018
ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် အမျိုးသမီး ၁၂၀ ကျော်ဖမ်းဆီးရမိ
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၇ ဇွန်လ မှ ၂၀၁၈ ဇွန်လအထိ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး အမှုပေါင်း ၅၂၀ကို ဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသား ၆၅၀ ကျော်နဲ့ အမျိုးသမီး ၁၂၀ ကျော်ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေထံကနေ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ သိန်းကျော်၊ စိတ်ပြောင်းဆေးဝါး ထိုးဆေး အလုံး ၄၀၀၀နဲ့ အိုက်စ်၂ ဒသမ ၆၅ ကီိလို၊ ဘိန်းစာရွက် ၂၄၅၀ ဂရမ်၊ လက်နက်မျိုးစုံ ၃၁ လက်၊ လက်ပစ်ဗုံး ၂၆ လုံး၊ ကျည်မျိုးစုံ ၄၁၀ တောင့်၊ လက်လုပ်မိုင်း ၁ လုံး၊ မော်တော်ယာဉ် အစီး ၇၀ ကို ဖမ်းဆီး ရမိပါတယ်။

ဒါ့အပြင် မြန်မာငွေ ကျပ်၁၈၆ သိန်းကျော်၊ ထိုင်းဘတ်ငွေ ၇ သောင်းကျော်ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဦးစောချစ်ခင်ကတော့ ကရင်ပြည်နယ်ထဲက မူးယစ်ဆေး ၀ါးဈေးကွက်နဲ့ သုံးစွဲသူလျော့ချရေးလုပ်ငန်းတွေကို ပိုမိုပြီး  အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့ ဇွန် ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စိတ်ကြွဆေးပြားဈေးကွက်နဲ့ သုံးစွဲသူလျော့ချနိုင်ဖို့အတွက် တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ အပြင်  အသိပညာတာတွေနဲ့ ဆေးဝါးကုသပေးတာတွေပါ ဆောင်ရွက်သွားကြဖို့ ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းပြောပါတယ်။

ကရင်ပြည်နယ်ထဲက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းမိတဲ့အခါမှာ အသက် ၁ဂ နှစ်အရွယ်ကနေ အရွယ်မျိုးစုံပါ ပါဝင်နေတာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတာတွေ လျော့ချဖို့ဆိုရင် ပြည်သူတွေအနေနဲ့ မူးယစ်ဆေးဝါးအကြောင်းကို သိရှိဖို့ လိုအပ်တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရဲ့ အမှတ် (၃၁) မူးယစ်တပ်ဖွဲစု၊ ဒုတပ်ဖွဲ့မှူး ဒုရဲမှူး ထွန်းထွန်းဦးကပြောပါတယ်။

နယ်ခြားစောင့်ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ အမှတ်(၃)တပ်နယ် အကြမ်းဖက်နှိမ်နှင်းေ ရးတပ်ဖွဲ့မှူး ဗိုလ်မှူးဇော်လင်းကလည်း စီမံချက်နဲ့ ဆောင်ရွက်တဲ့အခါမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်တွေ ကျဆင်းသွားပေမယ့် ရည်မှန်းထားတဲ့ အခြေအနေ အထိတော့ ဖြစ်မလာသေးဘူးလို့ ဆိုပါတယ်။

ကရင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေအနေနဲ့ လက်နက်တွေပါ ကိုင်ဆောင်ထားလေ့ရှိလို့  ဖမ်းဆီးရမိတဲ့အခါမှာလဲ လက်နက်ခဲယမ်းတွေကိုပါ တစ်ပါတည်း ဖမ်းဆီးရမိလေ့ရှိပါတယ်။

သတင်း- ရဲမင်းခေါင်- စည်သူဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013