DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင် အလုပ်သမား ပြဿနာအတွက် အလုပ်သမားတရားရုံးများ ထူထောင်မည်
DVB
·
June 27, 2018
အလုပ်ရှင် အလုပ်သမား ပြဿနာအတွက် အလုပ်သမားတရားရုံးများ ထူထောင်မည်
Donate to DVB

အစိုးရ၊ လွှတ်တော်နဲ့ အလုပ်ရှင် အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး အလုပ်သမား တရားရုံးတွေ ထူထောင်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်လာရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂၇ ရက်က  ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ အလုပ်ရှင် အလုပ်သမားသမဂ္ဂတွေ အားလုံး ကျေနပ်မယ့် အဖြေတခုကိုရှာပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သဘောတူညီမှုရပြီဆိုရင် အလုပ်သမားတရားရုံးတွေကို ထူထောင်နိုင်တော့မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အလုပ်သမားတရားရုံးတွေ ထူထောင်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေရေးရာ အချက်အလက်တွေ၊ အသစ်ပြင်ဆင်ရေးဆွဲသင့်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပါဝင်သင့်ပါဝင်ထိုက်တဲ့ အချက်အလက်တွေအားလုံး ပြည့်စုံအောင် ပါဝင်ဖို့ လွှတ်တော်က စောင့်ကြည့်နေတယ်လို့ အမျိုးသားလွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။

အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်လာရင် လက်ရှိ ရင်ဆိုင်နေရတဲ့ အလုပ်ရှင် အလုပ်သမားပြဿနာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း ဖြေရှင်းလာနိုင်လိမ့်မယ်လို့  အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေက မျှော်လင့်နေပါတယ်။

အလုပ်သမားတရားရုံးတွေ တည်ထောင်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ကိုးကားပြီး လိုအပ်တဲ့ အချက်အလက်တွေနဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ဖြည့်စွက်နိုင်ဖို့ အစိုးရနဲ့ လွှတ်တော်ကို အလုပ်သမားသမဂ္ဂ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013