DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် သေနတ်ဒဏ်ရာနှင့် လူ ၁ ဦး သေဆုံး
DVB
·
June 27, 2018
တာချီလိတ်တွင် သေနတ်ဒဏ်ရာနှင့် လူ ၁ ဦး သေဆုံး
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ကားအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိထားတယ်လို့ ခရိုင်ပြန်ဆက်ရုံးသတင်းမှာ ဖော်ပြပါတယ်။

တာချီလိတ်မြို့၊ ပုံလို့လမ်းမှာ ဇွန် ၂၇ရက် ဒီမနက်က ကားအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိရလို့ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူရဲ့ အမည်နဲ့နေရပ်ကို စုံစမ်းနေဆဲဖြစ်ပြီး အလောင်းကို တာချီလိတ် နာရေးကူညီမှု အသင်းက တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်။

ရဲတပ်ဖွဲ့ဝင် အရာရှိတဦးက "အဲ့ဒီ သေနတ်ပစ်ခံထားရတဲ့ တယောက်က ညကတည်းက သေနေတဲ့ အနေအထားရှိတယ်။ ရင်ခွဲရုံမှာ စစ်ဆေးတော့ အနံ့နည်းနည်းထွက်နေပြီ"လို့ တာချီလိတ်သတင်းအေဂျင်စီကို ပြောထားပါတယ်။

သေဆုံးသူမှာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိထားတာ တွေ့ရပြီး သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်လို့  ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေပါတယ်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013