DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု သတင်းပေးသူအား ဆုကြေးငွေဘတ် ၅ သိန်းချီးမြှင့်မည်
DVB
·
June 27, 2018
လိပ်ကျွန်းလူသတ်မှု သတင်းပေးသူအား ဆုကြေးငွေဘတ် ၅ သိန်းချီးမြှင့်မည်
1 / 2
Donate to DVB

၂၀၁၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်၊ ဗွီဒီယို၊ စီစီတီဗွီမှတ်တမ်း၊ ဒါမှမဟုတ် တခြား သက်သေတွေ ပေးနိုင်သူကို ဆုကြေးငွေဘတ် ၅ သိန်းချီးမြှင့်မယ်လို့ အမည်မဖော်လိုသူ အမျိုးသားတဦးက ဆမွီတိုင်းမ်သတင်းကို ပြောလိုက်ပါတယ်။

သူ့အနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာလုံးလုံး ဒီလူသတ်မှုနဲ့ ပတ်သက်တဲ့ သက်သေ အချက်အလက် တစုံတရာရှိလာနိုးနဲ့ စောင့်ကြည့်ခဲ့ပေမယ့် ဘာသက်သေမှမရှိခဲ့တာ ထူး ဆန်းနေတယ်လို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားစုံတွဲတတွဲဖြစ်တဲ့ ဟန်နာ ၀စ်သာရစ်ခ်ျနဲ့ ဒေး ဗစ်မီလာတို့ သေဆုံးခဲ့မှုအတွက် မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကို စွဲချက်တင်ခဲ့ပြီး ထိုင်းတရားရုံးက အမြင့်ဆုံးပြစ်ဒဏ်နဲ့ သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

“ဒီရာဇ၀တ်ပြစ်မှုနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတယောက်မှ မရှိပဲဖြစ်ခဲ့တာဟာ ရိုးရိုးတန်းတန်းတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီမှာ မျက်မြင်သက်သေတွေ ရှိနေ လိမ့်မယ်။ သူတို့ဟာ ထွက်ဆိုဖို့ ကြောက်ရွံ့နေလို့ ထွက်မလာကြတာဖြစ်မယ်။ ခုအချိန်ကတော့ လုံလောက်တဲ့ အချိန်ကာလတခုကိုလည်း ဖြတ်ခဲ့ပြီးပြီမို့ ဒါကို သိတဲ့မြင်တဲ့ကြားတဲ့ တယောက် ယောက်က လာပြောမယ်ဆိုရင် ကျနော်က ဆုကြေးငွေ ဘတ် ၅ သိန်းချီးမြှင့်ချင်ပါတယ်။”

လက်ရှိမှာတော့ အဆိုပါ အမျိုးသားနဲ့ တွေ့ဆုံစကားပြောလိုတယ်ဆိုရင်တော့ ဆမွီတိုင်းမ် သတင်းရဲ့ အီးမေးလ် [email protected] ကို ဆက်သွယ်နိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လိပ်ကျွန်းလူသတ်မှု သတင်းပေးသူအား ဆုကြေးငွေဘတ် ၅ သိန်းချီးမြှင့်မည်