DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် လယ်စိုက်ခင်းများကို ကြွက်များ ကျရောက်၍ စိုက်ခင်းများ ပျက်စီး
DVB
·
June 27, 2018
တိုက်ကြီးမြို့နယ်တွင် လယ်စိုက်ခင်းများကို ကြွက်များ ကျရောက်၍ စိုက်ခင်းများ ပျက်စီး
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ အုပ်စုမှာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ကြွက်ဖလောင်းတွေ အုပ်စုလိုက် ဝင်ရောက် စားသောက်ဖျက်ဆီးနေတဲ့အတွက် တောင်သူတွေ မိုးစပါးစိုက်ပျိုးဖို့ အခက်အခဲကြုံနေရပါတယ်။

တော်လတီကျေးရွာအုပ်စု၊ ဖတ်ဝန်းကုန်းကျေးရွာအုပ်စု၊ အရှေ့ခုနှစ်ကျိုက်ကျေးရွာအုပ်စု၊ အနောက်ခုနှစ်ကျိုက်ကျေးရွာအုပ်စုနဲ့ အလယ်ဘုတ်ကျေးရွာအုပ်စုတွေမှာ ကြွက်တွေ အများဆုံး ကျရောက်ပြီး လယ်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တာပါ။

အရှေ့ခုနှစ်ကျိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မင်းအောင်က "ကြွက်တွေက ၅ လပိုင်းလောက်ထဲက စပြီးရောက်လာတာ။ ဘယ်က ရောက်လာတာလဲဆိုတာ ကျနော်တို့ စောင့်ကြည့်နေတယ်။ ကြွက်တွေက ညဘက်မှာ လာစားတာ နေ့ဘက်ဆို ရှာလို့မတွေ့ဘူး။ စပါးခင်းတွေကို နေ့ဘက်ကြဲပြီး ညဘက်ဆို ဝင်စားသွားတာ အခုဆို ၂ ခါ ၃ ခါကြဲပြီး စိုက်ပျိုးရတာတွေလည်းရှိတယ်။ မြို့နယ်ကိုတင်ပြထားလို့ မြို့နယ်က အဖွဲ့အစည်းတွေ လာကြည့်ပြီး ဒီကြွက်တွေကို နှိမ်နှင်းဖို့ ဆောင်ရွက်နေပါတယ်"လို့ပြောပါတယ်။

အလယ်ဘုတ်ကျေးရွာ တောင်သူ ကိုဝဏ္ဏက "ကျနော့်စပါးခင်းတွေဆို ပြန်စိုက်တာ ၃ ခါ ရှိပြီ။ မျိုးစပါးဝယ်ရတာလည်း ခက်တယ်။ စပါးတတင်းကို ၈၀၀၀ ကျပ်အထိ ပေးဝယ်တာတောင် ၀ယ်လို့ မရဘူး။ တခါ ပြန်စိုက်ပျိုးမယ်ဆို ပြန်ထွန် ပြန်စိုက်ဆိုတော့ တောင်သူတွေမှာ ကုန်ကျစရိတ်ပိုများတယ်။ အခုပြန်မစိုက်နိုင်တဲ့ တောင်သူတွေလည်း ရှိတယ်။ ကျနော်တို့ ကျေးရွာအုပ်စုတင် လယ်ဧက ၂၀၀ ကျော်ရှိတယ်ဆိုတော့ တခြားကျေးရွာတွေနဲ့ဆို ဧက ၁၀၀၀ ကျော်တယ်" လို့ပြောပါတယ်။

တိုက်ကြီးမြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုတွေမှာ ကြွက်တွေ ကျရောက်ပြီး တောင်သူတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ကြွက်တွေ ဝင်ရောက်စားသောက် ဖျက်ဆီးခဲ့တဲ့အတွက် တောင်သူတွေ လယ်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့သလို ဥက္ကံမြို့ အရှေ့ဘက် ကွင်းတွေမှာလည်း ရွှေခရုကျရောက်ပြီး တောင်သူတွေရဲ့ စိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013