DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ ကြက်မွေးမြူရေးဇုန်တွင် ပျားဖွပ်ရာက မီးလောင်မှုဖြစ်ပွား
DVB
·
June 27, 2018
မုံရွာမြို့ ကြက်မွေးမြူရေးဇုန်တွင် ပျားဖွပ်ရာက မီးလောင်မှုဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကြက်မွေးမြူရေးဇုန်မှာ ပျားဖွပ်ရာကနေ နေအိမ်နဲ့ ကြက်ခြံတွေ ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ကြက်ဇုန်ဧရိယာအတွင်းရှိ လူနေအိမ် ၁ လုံးနဲ့ ကြက်မမွေးတော့တဲ့ ကြက်ခြံဟောင်း ၈ လုံးမီးလောင်ခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၄ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးညီညီဇော်က  “မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ခြံဝင်းထဲမှာရှိတဲ့ သနပ်ခါးပင်က ပျားအုံကို မီးနဲ့ တက်ဖွပ်တာ။ အဲဒီကနေ နွယ်ပင်ကို မီးကူးပြီး မီးပွားလွင့်တာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်ချိန်နဲ့ လေတိုက်ချိန် ဆုံတဲ့အခါကျတော့ မီးပွားတွေက အဝေးလွင့်ပြီး ၃၊ ၄ နေရာလောက် ခွဲလောင်တာမျိုး ဖြစ်သွားတာပါ”လို့ ပြောပါတယ်။

မီးလောင်မှုကို တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်တွေအတွင်းက မီးသတ်ကားအစီးရေ ၂၀ ကျော်၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ ရဲတပ်ဖွဲ့နှင့် ရဟန်းရှင်လူ ပြည်သူတွေ နာရီဝက်ကျော်ကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်တဲ့အထဲမှာ ကြက်ခြံဝင်း စီ ဘလောက်က ၃ ခြံ၊ ဒီ ဘလောက်က ၅ ခြံ မီးလောင်ခဲ့ပါတယ်။

ကြက်ဇုန်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြက်ငှက်တုပ်ကွေး ဖြစ်ပွားခဲ့တာကြောင့် မွေးမြူခွင့်မပြုဘဲ ပိတ်ထားခဲ့တာပါ။ မုံရွာကြက်မွေးမြူရေးဇုန်အတွင်း ကြက်ခြံပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မုံရွာ ငုံးမွေးမြူရေးဇုန်မှာ မီးလောင်မှုဖြစ်ပေါ်ခဲ့ပါသေးတယ်။

အခုမီးလောင်မှုနဲ့ပတ်သက်ပြီး ပေါ့ဆမီးသုံးစွဲသူကို ဥပဒေအရ အရေးယူနိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013