DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေသိမ်းဆည်းခံတောင်သူများ ပေးကားပေး၏ မရဖြစ်နေဟု သမ္မတဦးဝင်းမြင့်ပြော
DVB
·
June 27, 2018
လယ်ယာမြေသိမ်းဆည်းခံတောင်သူများ ပေးကားပေး၏ မရဖြစ်နေဟု သမ္မတဦးဝင်းမြင့်ပြော
Donate to DVB

သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို နိုင်ငံတော်အစိုးရက  ပြန်လည်စွန့်လွှတ် ပေးတာရှိခဲ့ပေမယ့် သိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားတွေကတော့ ပေးကားပေး၏ မရ ဖြစ်နေကြတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီရဲ့  ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“အစိုးရသစ်ရဲ့ (၂) နှစ်တာ ကာလအတွင်း တိုင်ကြားစာများအား စိစစ် ဆောင်ရွက်မှု အားနည်းနေပြီး ပြန်လည်စွန့်လွှတ်မြေများကိုလည်း မူလပိုင်ရှင်ထံသို့ ပြန်လည် ပေးအပ်ရန်မှာ နှောင့်နှေးကြန့်ကြာလျက်ရှိနေတာကို တွေ့ရှိရပါတယ်။ နိုင်ငံတော်အစိုးရက ပြန်လည်စွန့်လွှတ်ပေးမှု အချို့ ရှိခဲ့သော်လည်း သိမ်းဆည်းခံရတဲ့ တောင်သူ လယ်သမားများမှာ ပေးကားပေး၏ မရ ဖြစ်နေကြပါတယ်။”လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဒါ့ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီအဆင့်မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေကြတဲ့ ဝန်ကြီးချုပ်တွေအနေနဲ့ ယခုထက် တိုးတက် ဆောင်ရွက်နိုင်မယ့် အခြေအနေရောက်အောင် ထိထိရောက်ရောက် တွန်းအားပေး ဆောင်ရွက်ပေးသွားကြဖို့ သမ္မတက တိုက်တွန်းလိုက်ပါတယ်။

လယ်ယာမြေတွေကို ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ သိမ်းဆည်းပြီးကတည်းက ယခုအချိန်ထိ အသုံးပြုခဲ့ခြင်းမရှိဘဲ နောင်မှာ အသုံးပြုဖို့ ရှိနေတဲ့ လုပ်ငန်းဆောင်ရွက်ဖို့ ရှိနေတယ်ဆိုတာ မူဝါဒနဲ့ ဆန့်ကျင်နေလို့ လုံးဝမဖြစ်သင့်တဲ့အကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်နဲ့ အညီ အလေးထား လိုက်နာကာ စိစစ်ဆောင်ရွက်သွားကြဖို့နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အစိုးရရဲ့ မူဝါဒတွေကို ပီပီပြင်ပြင် အကောင်အထည်ဖော်ပေးကြဖို့ သမ္မတက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားတွေရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာခြံမြေတွေအပေါ် နိုင်ငံတော်ရဲ့မူဝါဒနဲ့ အညီ ပြန်စွန့်လွှတ်ပေးကြဖို့၊ စွန့်လွှတ်ဖို့ မဖြစ်နိုင်တဲ့ သိမ်းဆည်းခံလယ်ယာခြံမြေတွေအတွက် လျော်ကြေး၊ နစ်နာကြေး ပေးကြဖို့၊ စွန့်လွှတ်မြေတွေကို အမြန်ဆုံးပြန်လည်အပ်နှံပေးနိုင်ရေး၊ အမည်ပေါက် ရရှိစေရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးကြဖို့နဲ့ စွန့်လွှတ်မြေတွေ ပေါ်မှာ ကျူးကျော် ဝင်ရောက်နေတာကို  ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ရှင်းလင်းဖို့လည်း သမ္မတက တိုက်တွန်းလိုက်ပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လယ်ယာမြေသိမ်းဆည်းခံတောင်သူများ ပေးကားပေး၏ မရဖြစ်နေဟု သမ္မတဦးဝင်းမြင့်ပြော