DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးပြောင်းစစ်ဆေးခွင့် အမိန့်ချမှတ်
DVB
·
June 27, 2018
ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးပြောင်းစစ်ဆေးခွင့် အမိန့်ချမှတ်
Donate to DVB

ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ လက်ရှိစစ်ဆေးနေတဲ့ ဒဂုံဆိပ်ကမ်း တရားရုံးမှာ ဆက်လက်တရားစစ်ဆေးခြင်း မပြုလုပ်လိုတာကြောင့် တရားရုံးပြောင်းပေးဖို့ လျှောက်ထားမှုကို ဇွန်လ ၂၆ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားရုံးပြောင်းခွင့် အမိန့်ချမှတ်ခဲ့ပါတယ်။

ကလေးစစ်သားဟောင်း အောင်ကိုထွေးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စွဲဆိုခဲ့တဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ ပုဒ်မ ၂၂၈တို့နဲ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး၊ ထပ်တိုးပုဒ်မနဲ့ ထပ်မံ တရားစွဲဆိုထားတာကြောင့် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ဆက်လက်စစ်ဆေးပါက တရားမျှတမှု မရရှိမှာ စိုးရိမ်တဲ့အတွက် သူ့ရဲ့ ရှေ့နေက တရားရုံးပြောင်းရွှေ့ခွင့် လျှောက်ထားခဲ့တာပါ။

ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ RFA သတင်းဌာနကို သူကြုံတွေ့ခဲ့ရတဲ့ ကလေးစစ်သားအတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းတရားရုံးကနေ ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက်တင်​နေရင်းပဲ တရားရုံးမှာ အစစ်​မခံဘဲ ဆန္ဒထုတ်​​ဖော်​တာ​ကြောင့် တရားရုံး မထီမဲ့မြင်​မှု နိုင်​ငံ​တော်​တံဆိပ်​​ခေါင်းဥပ​ဒေ စတာ​တွေနဲ့ ထပ်​တိုးတရားစွဲခံရတာပါ။

အောင်ကိုထွေးဟာ ပုဒ်မ ၂၂၈ အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသလို ပုဒ်မ ၅၀၅ (ခ) အတွက်ကို ​ထောင်​ဒဏ်​ ၂နစ်​ချမှတ်​ခံခဲ့ရပါတယ်။

အခုလို အမှုတွေ ထပ်တိုးပြီး ပြစ်ဒဏ်တွေ ချမှတ်တဲ့အတွက် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ထပ်မံစစ်ဆေးဖို့ မပြုလုပ်ဖို့နဲ့ ရုံးပြောင်းပေးဖို့ အောင်ကိုထွေးဘက်ကနေ လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အရှေ့ပိုင်းခရိုင်တရားရုံးကို လျှောက်ထားခဲ့ရာမှာ မနေ့က ရုံး​ပြောင်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။

အောင်​ကို​ထွေးဟာ လက်​ရှိမှာ​ နောက်​တိုးပုဒ်​မ နိုင်ငံ​တော်​တံဆိပ်​​ခေါင်း ဥပ​ဒေအတွက်​ ထပ်​မံ တရားရင်​ဆိုင်​ရဦးမှာ ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013