DVB Logo
Home
မြန်မာသတင်း
ပေါက်​တောတွင် ​လှေ​မှောက်၊​ လူ ၄၀ နီး​ပါး​ ​သေဆုံး
DVB
·
July 9, 2012
Donate to DVB

ရခိုင်ပြည်နယ် ​ပေါက်​တောမြို့​နယ်ဘက်က​နေ စစ်​တွေမြို့​ဘက်ကို လာတဲ့​ ဘင်္ဂါလီ​လှေတစီး​မြုပ်လို့​ လူ ၄၀ နီး​ပါး​ အသက်ဆုံး​ရှုံး​ခဲ့​တယ်လို့​ စစ်​တွေမြို့​ခံတဦး​က ​ပြောပါတယ်။

ဒီလ ၇ ရက်​နေ့​က ​လှေနစ်မြုပ်တာ ဖြစ်တယ်လို့​ ဆိုပါတယ်။ ဒီလူ​တွေဟာ အ​ရေး​အခင်း​ဖြစ်တုန်း​က စစ်​တွေက​နေ ​ပေါက်​တောမြို့​နယ်ဘက်ကို ထွက်​ပြေး​ တိမ်း​ရှောင်ပြီး​ ပိုက်​ကျေး​ပြင် မွတ်ဆလင်ရွာမှာ သွား​ရောက်ခိုလှုံကြရာက အခုအခါ စား​ရေရိက္ခာ ပြတ်လတ်လို့​ ပြန်လာကြတာလို့​ ဆိုပါတယ်။

အ​ဖြောင့်​အား​ဖြင့်​ ငါး​မိုင်ခန့်​သာ ခရီး​ရှိ​ပေမယ့်​ ​ရှောင်ကွင်း​မောင်း​နှင်ကြရာက ​လှေ ၁၀ စီး​အနက် ၉ စီး​က စစ်​တွေမြို့​က မွတ်ဆလင်​တွေကို ထား​ရှိတဲ့​ သဲ​ချောင်း​ကျေး​ရွာကို ​ရောက်ရှိတယ်လို့​ ​ပြောပါတယ်။

“စစ်​တွေ့​မြို့​ကို လာတဲ့​အခါ သူတို့​က ပင်လယ်ဘက်က ပတ်ပြီး​ လာရတယ်။ နီး​နီး​လေး​ပါ။ သူတို့​နေတဲ့​အရပ်နဲ့​ သူတို့​လာတဲ့​အရပ်က ငါး​မိုင်​လောက်အထိ ​ဝေး​မယ်။ သူတို့​က သဲ​ချောင်း​ကိုလာတာ။ သဲ​ချောင်း​က မွတ်ဆလင်ရွာကို လာတာ။ ပင်လယ်နား​မှာရှိတာ ဒါ​ပေမယ့်​ ​ချောင်း​ထဲ ဝင်ရတယ်။ အဲဒီ​ချောင်း​ထဲ အဝင်မှာ ​ရေအား​နည်း​နည်း​ ကြမ်း​တယ်ဗျ။ စက်​လှေ​မောင်း​တဲ့​သူက မကျွမ်း​ကျင်ရင် ဝင်လို့​မရဘူး​။ အခု အဲဒီလို ဖြစ်သွား​တာ။ ​ချောင်း​ထဲဝင်တဲ့​အဝမှာ ​မှောက်သွား​တာ။”

မွတ်ဆလင်တဦး​ကလည်း​ သူတို့​အသိုင်း​အဝိုင်း​မှာ ကြား​သိတယ်လို့​ ​ပြော​ပေမယ့်​ အာဏာပိုင်​တွေထံက​တော့​ သီခြား​အတည်မပြုနိုင်​သေး​ပါဘူး​။

သံတွဲမြို့​က နည်း​ပညာတက္ကသိုလ်ကို​တော့​ အခုလ ၇ ရက်​နေ့​ ကတည်း​က စတင်ဖွင့်​လှစ်​နေတယ်လို့​ သံတွဲမြို့​ခံတဦး​က ​ပြောပြပါတယ်။

နယ်စပ် ​မောင်း​တောမှာ​တော့​ အိမ်အပြင်ထွက်သူ ရာဂဏန်း​အောက်သာ ရှိ​သေး​တယ်လို့​ မြို့​ခံအမျိုး​သမီး​တဦး​က ​ပြောပြပါတယ်။ နယ်စပ်ကုန်သွယ်​ရေး​ ရပ်တန့်​နေသလို နယ်စပ်ကုန်သွယ်​ရေး​ကို အမှီပြုတဲ့​ ဆိုက်ကား​သမား​တွေ​ရော၊​ လက်လုပ်လက်စား​တွေအဖို့​ အလွန်အမင်း​ စား​သောက်​နေထိုင်​ရေး​ ခက်ခဲ​နေတယ်လို့​ ဆိုပါတယ်။

ရခိုင်ပြည်နယ်တလွှား​မှာ အ​ရေး​ပေါ်အ​ခြေအ​နေ ​ကြေညာထား​ပြီး​ ပိတ်ထား​တဲ့​ကျောင်း​နဲ့​ တက္ကသိုလ်​တွေကို လာမယ့်​ ဇူလိုင် ၁၆ ရက်​နေ့​မှာ ဖွင့်​လှစ်မယ်ဆိုတဲ့​ သတင်း​တွေ ထွက်​နေပါတယ်။ ​ဒေသခံ​တွေကို ​မေး​မြန်း​ချက်အရ ​ကျောင်း​တွေဖွင့်​လှစ်တယ် ဆိုရင်​တောင် ​ကျောင်း​သား​တွေ တက်​ရောက်နိုင်​ရေး​ အတွက် လုံခြုံ​ရေး​အစီအမံ​တွေ လိုအပ်တယ်လို့​ ​ထောက်ပြ ​ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013