DVB Logo
Home
မြန်မာသတင်း
မြင်းခြံ ကွမ်းနုဝါ​များ လူကြိုက်များ၍ ဈေး​ကောင်းရရှိနေ
DVB
·
June 26, 2018
မြင်းခြံ ကွမ်းနုဝါ​များ လူကြိုက်များ၍ ဈေး​ကောင်းရရှိနေ
1 / 2
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​က ထွက်​ရှိတဲ့ ကွမ်းနုဝါ​တွေကို လူကြိုက်​များ နေပြီး ​ဈေး​ကောင်းရရှိ​နေတယ်​လို့ ကွမ်းနဲ့ ကွမ်းယာပစ္စည်း အ​ရောင်းဆိုင်​တွေထံက သိရပါတယ်​။

အခုလ​ပိုင်းတွေမှာ  ကွမ်းရွက်​အများအပြား ထွက်​ရှိ​နေကာ ​ မြင်းခြံမြို့နယ်​က ထွက်​ရှိတဲ့ ကွမ်းနုဝါ​တွေဟာ လူကြိုက်​များ​နေတာ​ကြောင့် ​ဈေး​ကောင်းရရှိ​နေပြီး မြင်းခြံမြို့​ပေါ်မှာ ​နေ့စဉ်​ ကွမ်းရွက်​ ပိသာချိန်​ ၅၀၀၀ ခန့်​ ဝင်​​ရောက်​မှုရှိ​နေတာ ဖြစ်​ပါတယ်​။

ကွမ်းရွက်​အ​ရောင်းဆိုင်​ ဖွင့်လှစ်လုပ်ကိုင်တဲ့  မခိုင်​က "ခုချိန်​က ကွမ်းရွက်​​ပေါချိန်​လည်း ဖြစ်​တယ်​။ အဓိက မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်​​တွေက ကွမ်းရွက်​ အများဆုံးထွက်​တာ​ပေါ့။ ကွမ်းရွက်​အရည်​အသွေးကလည်း​ ကောင်း​တော့ ​ရောင်းချတဲ့​ နေရာမှာလည်း ​ဈေး​ကောင်းရရှိတယ်​။ ကွမ်းစိုက်​ပျိုးတဲ့​ တောင်​သူ​တွေလည်း ဝင်​​ငွေ​ကောင်းရရှိ ​တော့ ကိုက်​ညီမှုရှိတာ​ပေါ့။ မြင်းခြံကွမ်း​တွေကို ​တောင်​ကြီး၊ ကျောက်​ပန်း​တောင်း၊ မိတ္ထီလာ စတဲ့ မြို့​တွေ တင်​ပို့ရတဲ့အပြင်​ အခြားမြို့​တွေကပါ ကြိုက်​နှစ်​သက်​ကြ​တော့ ရောင်းအားလည်း ပို​ကောင်းတယ်​”လို့ ပြောပါတယ်​။

ကွမ်းရွက်​ပင်​ စိုက်​ပျိုးတဲ့​နေရာမှာ သန့်​ရှင်းသပ်​ရပ်​ဖို့က အ​ရေးကြီးပြီး အေးလွန်းတဲ့ ရာသီဥတုနဲ့ မိုးများလွန်းရင်​လည်း ကွမ်းပင်​​တွေက မကြိုက်​နှစ်​ဘူးလို့ သိရပါတယ်​။

"ကွမ်းပင်​စိုက်​ပျိုးလာတာ ၇ နှစ်​ရှိပါပြီ၊ ကွမ်းပင်​ကို စိုက်​ပျိုးပြီး အနည်းဆုံး ၆ လ ​ကျော်​ရင်​ အရွက်​ခူးလို့ရ​နေပြီ။ ကွမ်းရွက်​​ဈေးက ​ဆောင်းတွင်းပိုင်​​တွေမှာ ​ဈေး​ကောင်း ပိုရရှိတယ်​။ အပင်​ရှင်​သန်​ပြီး ​ရောဂါပိုးမွှားမကျ​ရောက်​​အောင်​ ​သေချာဂရုစိုက်​ရတယ်​။ အဓိ​က မြေသြဇာ က​တော့ ဆိတ်​​ချေးနဲ့ နွား​ချေးကိုပဲ သုံးပါတယ်​။ ကွမ်းစိုက်​ရတာ အခက်​အခဲသိပ်တော့မရှိပဲ ​တောင်​သူ​တွေအတွက်​ ကွမ်းပင်​စိုက်​ပျိုးရတာ အကျိုးအမြတ်​ရှိတယ်​”လို့ ကွမ်းပင်​စိုက်​ပျိုးတဲ့ ဦး​ကျော်​​ဌေး က ဆိုပါတယ်​။

ဆောင်းတွင်းကာလမှာ ကွမ်းရွက်​အထွက်​နှုန်း နည်းတာမျိုး ဖြစ်​​စေတတ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်​ဘာလ​တွေမှာ ကွမ်းရွက်​ ၁ ပိဿာကို ၂၂၀၀၀ ကျပ်​အထိ ​ဈေးမြင့်တက်​ခဲ့ပါတယ်​။

လက်ရှိ ကွမ်းရွက်​ ၁ ပိဿာကို အမျိုးအစားလိုက်​ပြီး အနည်းဆုံး ၄၀၀၀ ကျပ်​မှ ၅၅၀၀ ကျပ်​အထိ ​ရောင်းချ​နေရတယ်​လို့ သိရပါတယ်​။

ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013