
မိုးထိမိုးမိဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်တွေက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့ ဟစ်တိုင်းကွင်းမှာ ဇွန်လ ၂၆ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ သယံဇာတတွေအလွဲသုံးစားလုပ်သူ ဒို့ရန်သူ၊ တည်ဆဲ ဥပဒေချိုးဖောက်သူ ဒို့ရန်သူ၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာတွေ တိမ်းရှောင်သူ အရေးယူ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ၃၅လမ်းကနေ ၆၂လမ်း မနော်ရမ္မံဟစ်တိုင်ကွင်းထိ မိုးထိမိုးမိ ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီ ၁၈ ခု လူဦးရေ ၃၀၀ နီးပါးက စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြတာပါ။
သတင်း၊ ဓာတ်ပုံ-အောင်အောင်











