
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ G-9 ကျောင်းသားတယောက် ကြိုးဆွဲချ အဆုံးစီရင်သွား တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အသက် ၁၅ နှစ်အရွယ် ရွှေနံ့သာရပ်ကွက်၊ နယ်မြေ ၁၀ ကွက်သစ်မှာနေထိုင်တဲ့ ရွှေနံ့သာ အခြေခံပညာ ကျောင်းက G-9 ကျောင်းသားဖြစ်ပြီး သြဂုတ် ၇ ရက်၊ ညနေ ၆ နာရီကျော် လောက်က နေအိမ်မှာ ကြိုးဆွဲချ အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကောင်လေးက အိမ်ရဲ့အပေါ်ထပ်မှာ ဂိမ်းဆော့နေတာ။ ထမင်းစားဖို့ လှမ်းခေါ်တာ ဆင်းမလာတော့ အဖိုးဖြစ်သူက အိမ်ပေါ်တက်ကြည့်တာ။ အိမ်အပေါ်မှာ ကြိုးဆွဲချ အဆုံးစီရင်ထားတာကို အဖိုးကတွေ့တာ” လို့ပြောပါတယ်။
အမြင့် ၉ ပေရှိတဲ့ နေအိမ်ရဲ့ထုတ်တန်းမှာ ပုဆိုးကိုအသုံးပြုပြီး ထိုင်ခုံပေါ်တက်ချည်ပြီး ကြိုးဆွဲ ချတာလို့ သိရပါတယ်။
ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့က မော်တော်ယာဉ်နဲ့သယ်ဆောင်ပြီး နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။










