DVB Logo
Home
မြန်မာသတင်း
ညှဉ်းပန်းနှိပ်စက်မှု ကင်းဝေးစေရေး လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
DVB
·
June 26, 2018
ညှဉ်းပန်းနှိပ်စက်မှု ကင်းဝေးစေရေး လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
1 / 2
Donate to DVB

အရပ်သားတွေ ညှဉ်းပန်းနှိပ်စက်ခံရခြင်းကနေ ကင်းဝေးစေဖို့နဲ့ စစ်ပွဲတွေရပ်တန့်ပြီး အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ ၅ ဖွဲ့က အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ  ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီ ထောက်ပံ့ရေးနေ့မှာ ပူးတွဲထုတ်ပြန်တောင်းဆိုတာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ လိုအပ်ချက်တွေအတွက် ဆောင်ရွက်ပေးတာဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျတဲ့လုပ်ငန်း ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO)နဲ့ အာရှတရားမျှတမှုနှင့် အခွင့်အရေးဆိုင်ရာအဖွဲ့ (AJAR) တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ညှဉ်းပန်းနှိပ်စက်မှုတွေ အဆုံးသတ်ဖို့နဲ့ အသက်ရှင် လွတ်မြောက်လာသူတွေအတွက် ပြန်လည်ထူထောင်ဖို့လည်း တောင်းဆိုထားပါတယ်။

ပြည်တွင်းစစ်ပဋိပက္ခကြောင့် တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ညှဉ်းပန်း နှိပ်စက်မှု အများဆုံး ဖြစ်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) အထွေထွေအတွင်းရေးမှူး လိုည်းပိုးငယ်က ပြောပါတယ်။

“တပ်မတော်ဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယဝင်တဲ့ ရွာသားတွေမှာ အများဆုံး ဖမ်းပြီးတော့မှ ညှဉ်းပန်းနှိပ်စက်ခံရတာကို ကျမတို့ တွေ့ရှိရပါတယ်။ မြန်မာပြည်မအတွင်းမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံး ညှဉ်းပန်း နှိပ်စက်ခံရတာကို တွေ့ရတယ်။ တအာင်းဒေသမှာဆိုရင် တပ်မတော်နဲ့ ပြည်သူ့စစ်နဲ့ ပေါင်းပြီးတော့ ရွာသားကို ဖမ်းပြီးတော့မှ သေနတ်ဒင်တွေနဲ့ ထုတာတို့၊ ရိုက်တာတို့ ရွာလယ်ကောင်မှာ တယောက်နဲ့တယောက် အတွဲလိုက်ချည်ပြီးတော့မှ ခြေထောက်နဲ့ ကန်တာတို့ ဗွီဒီယိုထွက်လာတယ်။ အဲဒီလိုအဆိုးဆုံးအခြေအနေ ဖြစ်နေတဲ့ဟာကို ကျမတို့ အများကြီးတွေ့ရတယ်။ စစ်ကြောရေးစခန်းတွေမှာလည်း လျှပ်စစ်နဲ့ ရှော့ခ်တိုက်တဲ့ဟာတွေ အများဆုံး လုပ်တဲ့ဟာတွေလည်း တွေ့မြင်ရတယ်။”

မြန်မာပြည်တွင်း  ညှဉ်းပန်းနှိပ်စက်မှုတွေကို နိုင်ငံတော်အဖွဲ့အစည်းတွေက အတိတ်မှာသာမက လက်ရှိကာလမှာလည်း ကျင့်သုံးနေကြောင်းနဲ့ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ဖို့နဲ့ တားဆီးကာကွယ်မှုမှာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့လည်း လိုည်းပိုးငယ်က ပြောပါတယ်။

“အဓိက အစိုးရကိုပဲ တိုက်တွန်းတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းရင်းသားဒေသမှာ တိုက်ပွဲဖြစ်နေသရွေ့ ညှဉ်းပန်းနှိပ်စက်မှုကလည်း ပပျောက်မှာ မဟုတ်ဘူးလေ။ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့က ပထမဦးဆုံး တိုင်းရင်းသားဒေသတွေမှာဆိုရင် စစ်ပွဲကို ရပ်တန့်ဖို့ လိုတယ်။ ဒီစစ်ပွဲတွေ ရပ်တန့်ဖို့အတွက်လည်း အစိုးရမှာ တာဝန်ရှိသလို တဖက်ကလည်းပဲ တာဝန်ရှိတယ်။ နှစ်ဦးနှစ်ဖက် တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံပွဲတွေ လုပ်ဖို့လို အပ်တာပေါ့နော်။ အန်စီအေ အောက်ပဲဖြစ်ဖြစ်၊ အန်စီအေ မဟုတ်တဲ့ လမ်းကြောင်းပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲဒီလိုလမ်းကြောင်းနဲ့ တကယ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအဖြစ် အဖြေရှာဖို့ လိုအပ်တာပေါ့နော်။”

ညှဉ်းပန်းနှိပ်စက်ခံရသူများ ကူညီထောက်ပံ့ရေးနေ့ အခမ်းအနားတရပ်ကို ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခခန်းမမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ အတူစည်းလုံးခြင်းကို ပြသပြီး ညှဉ်းပန်းနှိပ်စက်ခံရသူတွေရဲ့ လိုအပ်ချက်တွေအကြောင်း မျှဝေခဲ့ကြပါတယ်။

Photo : DJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013