DVB Logo
Home
မြန်မာသတင်း
ပုလဲနှင့် ကျောက်စိမ်း ရောင်းချငွေ ယူရိုငွေသန်း ၁၀၀ ကျော် ရရှိ
DVB
·
June 26, 2018
ပုလဲနှင့် ကျောက်စိမ်း ရောင်းချငွေ ယူရိုငွေသန်း ၁၀၀ ကျော် ရရှိ
Donate to DVB

နေပြည်တော်မှာ ပြုလုပ်နေတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲကနေ မနေ့ ဇွန်လ ၂၅ ရက်ထိ ပုလဲနဲ့ ကျောက်စိမ်းတွေ ယူရိုငွေ သန်း ၁၀၀ ကျော်ဖိုး ရောင်းချထားရပြီလို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဇွန်လ ၂၀ ရက်က စတင်ခဲ့တဲ့ ကျောက်မျက်ရောင်းပွဲမှာ ပြည်တွင်းပြည်ပ ရတနာကုန်သည် အယောက် ၄၀၀၀ ကျော်လာရောက်ပြီး အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချပေးနေတာပါ။

ဇွန်လ ၂၀ ရက်ကနေ ၂၁ ရက်အထိ ပုလဲအတွဲပေါင်း ၃၆၀ ကို ရောင်းချရာမှာ ယူရိုငွေ ၂ ဒသမ ၅၉၈ သန်း ရရှိခဲ့ပါတယ်။ ပြပွဲ ၄ ရက်မြောက်နေ့က ကျောက်မျက်အတွဲ ၃၃၆ တွဲကိုရောင်းချရာမှာ ၆၉ တွဲကို ယူရို ၁ ဒသမ ၃၇၈ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။

ဇွန်လ ၂၄ ရက်၊ ပြပွဲ ၅ ရက်မြောက်နေ့မှာ ကျောက်စိမ်းအတွဲပေါင်း ၁၁၅၀ ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ရောင်းချရာမှာ ၉၇၃ တွဲကို ယူရို ၃၈ ဒသမ ၅၃၁ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ဇွန်လ ၂၅ ရက်မှာလည်း ကျောက်စိမ်းအတွဲပေါင်း ၁၁၅၀ ကိုရောင်းချရာမှာ ၈၃၃ တွဲကို ယူရို ၇၄ ဒသမ ၁၂၂ သန်းနဲ့ ရောင်းချနိုင်ပြီး ဒီနေ့မှာလည်း ကျောက်စိမ်းအတွဲပေါင်း ၁၁၅၀ ကို ဆက်လက်ရောင်းချနေပါတယ်။

နေပြည်တော် မဏိရတနာခန်းမမှာ ပြုလုပ်နေတဲ့ ဒီပြပွဲကို ဇွန်လ ၂၀ ရက် ကနေ ၂၉ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013