DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တိုက်ပွဲ၌ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ PDF ရဲဘော် ၁ ဦး ကျဆုံး
DVB
·
June 10, 2026
Photo: ဖြူးမြို့နယ် ပကဖ
Photo: ဖြူးမြို့နယ် ပကဖ
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက စစ်အာဏာရှင်တပ်ရဲ့ ဂိတ်စခန်းနဲ့ ကင်းပုန်းတွေကို ဇွန် ၇ ရက်နဲ့ ၈ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့သလို PDF ရဲဘော်တယောက် ကျဆုံးကာ လက်နက်ခဲယမ်း တချို့လည်း ဆုံးရှုံးခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

ဖြူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ညောင်ပင်သာမြို့နဲ့ ခလရ ၅ ကြား၊ အမြန်လမ်း ၁၀၇ မိုင်၊ ၅ ဖာလုံကို ဆက်သွယ်ထားတဲ့ စိမ့်ကြီးလမ်းပေါ်မှာရှိတဲ့ စစ်တပ်ဂိတ်ကို ဝင်ပစ်ခဲ့တာပါ။ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီးတော့ စစ်သား ၂ ယောက်သေပြီး MA1 သေနတ်တလက်နဲ့ ကျည်ဘောက်တခု သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ဖြူးမြို့နယ် ပကဖ က ရဲဘော်တယောက် ကျဆုံးခဲ့သလို ၉ မမ ပစ္စတို တလက်နဲ့ ဆိုင်ကယ် ၂ စီးလည်း ဆုံးရှုံးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဖြူးမြို့နယ် ပကဖ က တော်လှန်ရေးရဲဘော် ၃ ယောက်ဟာလည်း တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေခဲ့လို့ သွားရောက်ကယ်ထုတ်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်လာတော့ ရဲဘော် ၃ ယောက် ရန်သူ့နယ်မြေထဲမှာ ပိတ်မိနေခဲ့လို့ ကျနော်တို့တပ်ရင်းက ရဲဘော်​တွေနဲ့ နဂါးနီတပ်ရင်းက ရဲဘော်တွေ ပေါင်းပြီး ၈ ရက်နေ့ မနက်စော ၃ နာရီလောက်မှာမှ ပြန်ပြီး ကယ်ထုတ်လာနိုင်ခဲ့တာ။ ​သူတို့ ၃ ယောက်ကို ကယ်ထုတ်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းကနေ စစ်တပ် ကင်းပုန်းတွေကြားကနေ ပြန်လာတော့ လမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သေးတယ်။ သူ့ဆီကနေတော့ လက်နက်ခဲယမ်း မသိမ်းနိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းကို အသုံးပြု သွားလာကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် တိုက်ပွဲဧရိယာအတွင်း ဖြတ်သန်းမသွားကြဖို့နဲ့ စစ်တပ်ဂိတ်စခန်းတွေ အနီးဝန်းကျင်ကို ရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013