DVB Logo
Home
မြန်မာသတင်း
ရေစကြိုက နှစ် ၈၀၀ ကျော် သက်တမ်းရှိစေတီ ကမ်းပါးပြိုကျမည့်အန္တရာယ်ရှိနေ
DVB
·
June 25, 2018
ရေစကြိုက နှစ် ၈၀၀ ကျော် သက်တမ်းရှိစေတီ ကမ်းပါးပြိုကျမည့်အန္တရာယ်ရှိနေ
1 / 3
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၈၂၃ နှစ် သက်တမ်းရှိတဲ့ ဓမ္မရံသီ(ခေါ်) မြစ်ကမ်းပါးပြန် ရွှေဘုံသာစေတီတော်ဟာ ဧရာဝတီမြစ်ရေတိုက်စားခံနေရလို့ မြစ်ကမ်းပါးပြိုကျမယ့် အန္တရာယ်နီးနေပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“မြစ်ကမ်းပါးပြိုတာ ဆိုးရွားနေတဲ့အတွက် မကွေးတိုင်းကို ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့က သွားခဲ့တာပေါ့။ အဲဒီမှာ ရွာတစ်ရွာမှာ မြစ်ကမ်းပါးပြိုကျတာက မြစ်ကမ်းဘေးမှာ ရှေးဟောင်း အဆောက်အဦတွေရှိတယ်။ နှစ်ပေါင်း ၈၀၀ ကျော်ရှိပြီဖြစ်တဲ့ စေတီရှိလည်းရှိတယ်။ ဒါတွေက မကြာခင်မှာ ပါသွားနိုင်တဲ့ အနေအထားတွေရှိတယ်။”

အဆိုပါ စေတီအား မြစ်ကြောင်းအတွင်း ပါရှိမသွားစေဖို့အတွက် ယာယီထိန်းသိမ်းမှု အနေနဲ့ လှိုင်းဒဏ်နဲ့ အပေါ်ယံရေစီး ပွတ်တိုက်မှုကို ကာကွယ်နိုင်ဖို့အတွက် ငွေကျပ် သိန်း ၃၀ ကုန်ကျခံက ဝါးဖောင်တွေ ချထားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

အခုနှစ် မိုးရာသီမှာ မြစ်ကမ်းပါးပြိုကျမှုပြဿနာဟာ အကြီးမားဆုံး ရင်ဆင်နေရလို့ အစိုးရအနေနဲ့ ကမ်းထိန်းလုပ်ငန်း၊ သောင်တူးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013