DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဆန်ဈေးနှုန်းများ တရိပ်ရိပ်တက်နေ
DVB
·
June 25, 2018
ပြည်တွင်းဆန်ဈေးနှုန်းများ တရိပ်ရိပ်တက်နေ
Donate to DVB

ဒီလဆန်းကစပြီး တရိပ်ရိပ်တက်လာတဲ့ ဆန်ဈေးကြောင့် အရောင်းအဝယ်အေးနေပြီး အရင်ကထက်စာရင် လက်ရှိမှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆန်အဝင် ၅ ပုံတပုံပဲ ရှိတော့တယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူက ပြောပါတယ်။

ဆန်တအိတ်ကို ကျပ်၁၅၀၀ လောက်တက်သွားတာဖြစ်ပေမယ့် အရောင်းအဝယ်ကတော့ အေးသွားတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

“မြင့်တက်သွားတဲ့ဈေးမှာ အရောင်းအဝယ်အေးနေတယ်။ ဇွန်လထဲမှာပဲ တအိတ်ကို ၁၀၀၀၊ ၁၅၀၀ လောက် ပေါင်းသွား (တက်သွား) တယ်။ ပေါင်းသွားတဲ့ဈေးက ပြန်မကျဘူး။ ချလို့လည်း မရဘူး၊ အဲလိုဖြစ်နေတယ်။ လက်ရှိဈေးက ၂၅ မတ် အိတ်စပို့ ဆန်တအိတ်ကို ၂၀၀၀၀ ကနေ ၂၀၅၀၀၊ ၅ မတ်ဆန် စူပါ ပြည်တွင်းသုံး အကြမ်းရှယ် တအိတ်ကို ၂၄၀၀၀၊ မူဆယ်သွားတာက ၂၃၀၀၀ ကနေ ၂၄၀၀၀ အထိ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဒါကြောင့် အရောင်းအဝယ်အေးနေပြီး အရင်က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆန်အိတ် ၅ သောင်းလောက် ဝင်နေတာကနေ အခု တသောင်းဝန်းကျင်လောက်ပဲ ဝင်တော့တယ်လို့ သူက ဆိုပါတယ်။

နယ်တွေမှာတော့ စပါးတင်း ၁၀၀ မှာ ၃၀၀၀၀ လောက်တိုးသွားတာကြောင့် စက်တွေဘက်ကလည်း ဈေးလျှော့ပေးဖို့ မဖြစ်နိုင်တာပါ။

ဦးသန်းဦးက “ဈေးမြင့်သွားလို့ မူဆယ်ဘက်သွားလို့လည်း သိပ်မကိုက်၊ သင်္ဘောတင်တဲ့သူလည်း မတင်နိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် စပါးဈေးမြင့်သွားလို့ စက်ပိုင်ကလည်း လျှော့ပြီးတော့ မရောင်းနိုင်ဘူးဖြစ်နေတယ်။”လို့ ပြောပါတယ်။

ဒီနေ့ ဆန်ဈေးနှုန်းတွေကတော့  ဈေးအနည်းဆုံး ငစိန်ဆန် တအိတ်ကို ၂၁၀၀၀ ကျပ်ကနေ ၂၂၅၀၀ ကျပ်၊  ရွှေဘိုပေါ်ဆန်းမွှေတအိတ်ကို ၅၃၀၀၀ ကျပ် ကနေ ၅၅၀၀၀ ကျပ်အထိရှိတာပါ။

လာမယ့်လမှာတော့ ဆန်တင်သင်္ဘောတွေ ဝင်ဖို့ရှိနေပြီး အရောင်းအဝယ် ကောင်းနိုင် ပေမယ့် ဈေးကတော့ ကျဖို့မဖြစ်နိုင်ဘူးလို့လည်း ဦးသန်းဦးက ခန့်မှန်းပါတယ်။

မနှစ်ကလည်း ဒီအချိန်မှာ ဈေးတက်ပေမယ့် ဒီနှစ်မှာတော့ မနှစ်ကထက်စာရင် ၁၅၀၀ ကျပ်လောက် ပိုများနေတာပါ။

နယ်တွေမှာ ဆန်လက်ကျန်နည်းနေသလို ပဲအရောင်းအဝယ်မဖြစ်လို့ ဆန်လောကထဲမှာ လုပ်ကိုင်သူ များနေပြီး စပါးဈေးပိုပေးဝယ်ယူကြတာကြောင့် မြင့်တက်နေတာလို့လည်း ဆန်ကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းလက်လီဆန်အရောင်းဈေးကွက်မှာလည်း မွန်ပြည်နယ်အပါအ၀င် အထူးသဖြင့် ရေကြီးမှု သဘောဝဘေးဒဏ်ခံနေရတဲ့ ဒေသတွေမှာ လတ်တလော ဆန်ဈေးတွေတက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013