DVB Logo
Home
မြန်မာသတင်း
စီးပွားရေးသမားများစီစဉ်ကျင်းပသည့် အခမ်းအနားကို မတက်ရောက်ရန် ညွှန်ကြားချက်ကြိုဆို
DVB
·
June 25, 2018
စီးပွားရေးသမားများစီစဉ်ကျင်းပသည့် အခမ်းအနားကို မတက်ရောက်ရန် ညွှန်ကြားချက်ကြိုဆို
Donate to DVB

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ကျင်းပတဲ့ အခမ်းအနားကို မတက်ရောက်ဖို့  သမ္မတရုံးရဲ့ထုတ်ပြန်ချက်ဟာ အဂတိလိုက်စားမှု မဖြစ်အောင် ဟန့်တားတာဖြစ်လို့ ကြိုဆိုတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီကနေ့မနက် နေပြည်တော်မှာရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနရုံးမှာ သတင်းမီဒီယာအချို့နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြည်ထောင်စု ၀န်ကြီးက အခုလိုပြောဆို လိုက်တာပါ။

“ဒါကတော့ ရှင်းပါတယ်။ အခုဆောင်ရွက်နေတဲ့ ကိစ္စတွေပဲပေါ့။ အစိုးရအသစ်က ဆောင်ရွက်နေတယ်။ အခု သမ္မတသစ်ကလည်း ဆောင်ရွက်နေတယ်။ အဂတိလိုက်စားမှု ကင်းရှင်းရေးဆိုတာ။ အလွန်အရေးကြီးတယ်။ ဒါအတွက်ကို ထိထိရောက်ရောက်ဆောင်ရွက် နေတဲ့အတွက်ကြောင့် ဒါတွေပေါ်ပေါက်လာတာဖြစ်မှာပါ။ ကျနော်ကတော့ ကြိုဆိုတယ်”

နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်မှာတော့ ‘နိုင်ငံတော်အစိုးရ (သို့မဟုတ်)တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ထားခြင်းမရှိကြောင်း ပြည်တွင်း၊ ပြည်ပပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အခမ်းအနား များသို့တက်ရောက်ရန် ဖိတ်ကြားမှုများကို လက်ခံတက်ရောက်ခြင်း မပြုရန်’ လို့ ဖော်ပြထား ပါတယ်။

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ကလည်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးအချို့ဟာ အစိုးရနဲ့ ပတ်သက်မှုမရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စီစဉ်ဖွင့်လှစ်တဲ့ လုပ်ငန်းဖွင့်ပွဲတွေမှာ တက်ရောက်နေတာတွေ ရှိနေတဲ့အတွက် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013