DVB Logo
Home
မြန်မာသတင်း
လူသတ်မီးရှို့အလောင်းဖျောက်ဖျက်မှုဖြင့် ရွာသားများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
DVB
·
June 25, 2018
လူသတ်မီးရှို့အလောင်းဖျောက်ဖျက်မှုဖြင့် ရွာသားများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
Donate to DVB

ရှမ်းပြည်​​မြောက်​ပိုင်း​၊ နောင်​ချိုမြို့နယ်​၊ ​ရွှေ​ညောင်​ပင်​ရွာ အားမာန်​စိုက်​ပျိုး​ရေးခြံ ကြီးကြပ်​​ရေးမှူး ဦး​ငွေစိုး(ခ)ဦးဇင်းကို လူသတ်​မီးရှို့အ​လောင်း ​ဖျောက်​ဖျက်​ခဲ့မှုနဲ့ တရားစွဲခံထားရတဲ့ ရွာသား ၆ ဦးရဲ့အမှုကို ​ကျောက်မဲခရိုင် တရားရုံးက ဇွန်လ ၂၅ရက်မှာ  စီရင်ချက် ချမှတ်​လိုက်​ပါတယ်​။

နောင်​ချိုမြို့်​နယ်​၊ ကုန်းသာ​ကျေးရွာအုပ်​စု လွယ်​​တောင်း​ကျေးရွာ​နေ သြ​ဇေယျ(ခ) စိုင်း​အောင်​ကျန်​ကို ပုဒ်​မ ၃၀၂/၂(၁၁၄)အရ အလုပ်​ကြမ်းနဲ့​ ထောင်​ဒဏ်​နှစ်​ (၂၀)၊ ထွန်းဦးကို ပုဒ်​မ ၃၀၂(၂)/၂ (၁၁၄)အရ အလုပ်​ကြမ်းနဲ့​ ထောင်​ဒဏ်​(၂၀) ပုဒ်​မ ၂၀၁ ဒုတိယ အပိုဒ်​အရ အလုပ်​နဲ့​ထောင်​ဒဏ်​ (၃) နှစ်​ သီးခြားစီကျခံ​စေ ဖြစ်တဲ့အတွက်​​​ စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ကျောက်​မဲခရိုင်​ တရားရုံးသတင်းပြန်​ကြား​ရေးခရိုင်​ တရားသူကြီး ​ဒေါ်​မေမီဝင်း​ရွှေက​ “အိုက်​လူး (ခ) စိုင်းစိုးသန်းလေး တရားခံအိုက်​တူ(ခ)စိုင်း​ဇော်​မင်း(ခ)ထွန်း​အောင်​နဲ့   ​ကျော်​​ဆွေ (ခ) ဖိုးလုံးတို့ ၃ ဦးကို ရာဇသတ်​ကြီးပုဒ်​မ ၃၀၄(၂)/၁၁၄အရ အလုပ်​ကြမ်းနဲ့​ ထောင်​ဒဏ်​ (၁၀)နှစ်​ဆီ ပုဒ်​မ ၂၀၁ ဒုတိယပိုဒ်​အရ အလုပ်​နဲ့​ထောင်​ဒဏ်​ ၃နှစ်​စီ ပြစ်​ဒဏ်​ ကျခံ​စေဆို​တော့ ​ပေါင်း ၁၃နှစ်​ကျခံရမှာဖြစ်​ပြီး နှစ်​တရားခံဖြစ်​တဲ့​ မောင်​ဝင်းနိုင်​ (ခ) ရှမ်းကြီးကို ပြစ်​မှုကျူးလွန်​​ကြောင်း မထင်​ရှားတဲ့အတွက်​ ရာဇဝတ်မှုကျင့်ထုံး ဥပ​ဒေ ပုဒ်​မ ၂၅၈ (၁) အရ အမှုက​နေ အပြီးအပြတ်​လွှတ်​လိုက်​တယ်​”လို့ ပြောပါတယ်​။

၂၀၁၇ မေ ၂၄ရက်က နောင်​ချိုမြို့နယ် ​ကုန်းသာအုပ်​စု၊ ​ရွှေ​ညောင်​ပင်​​ကျေးရွာရှိ အားမာန်​စိုက်​ပျိုး​ရေးရုံးက ကြီးကြပ်​​ရေးမှူး ဦး​ငွေစိုးကို ကုန်းသာအုပ်​စု၊ လွယ်​​တောင်​​ရွာ​သား ဦးသြ​ဇေယျနဲ့ အ​ပေါင်းအပါ ၅ ဦးတို့က ဖမ်းဆီး​ခေါ်​ဆောင်​ပြီး မီးရှို့သတ်​ခဲ့တယ်ဆိုပြီး အားမာန်​စိုက်​ကွင်းမန်​​နေဂျာ ဦးမြင့်​​ကျော်​က ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၃ရက် ကတည်းက တရားလို အဖြစ် တရားစွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။

ဦးသြ​ဇေယျ၊ ဦးဝင်းနိုင်​(ခ)ရှမ်းကြီး၊ ဦးစိုင်း​အောင်​ကျန်​၊ ဦးအိုက်​လူ (ခ)အိုက်​ပီး၊ ဦးထွန်းဦး၊ ဦး​ကျော်​​ဆွေတို့ ၆ဦးကို ရာဇဝတ်​ကြီး အမှုအမှတ်​ ၃၆၄ လူသတ်မှု ပုဒ်မ ၃၀၂/၃၄၊ အားပေးကူညီမှုပုဒ်မ ၁၁၄/၂၀၀တို့နဲ့ ​ကျောက်​မဲမြို့နယ် ​ခရိုင်​တရားရုံးကတရားလို တရားခံ​တွေကို စွဲချက်​တင်​ကြားနားကာ အပြီးသတ်​အမိန့်​ချနိုင်​ဖို့ ဇွန်​လ ၂၅ရက်​​နေ့ကို ချိန်းဆိုကာအမိန့်​ချမှတ်​ခဲ့ပါတယ်​။

တရားလို ဦးမြင့်​​ကျော်​ကတော့ “ဦး​ငွေစိုးကို ဖမ်းဆီး​ခေါ်​ဆောင်​ပြီး မီးရို့သတ်​ခဲ့တဲ့ တရားခံ​တွေကို ထိုက်​သင့်တဲ့ ပြစ်​ဒဏ်​​တွေချမှတ်​ ​ပေး​ခဲ့တာကို​ကျေနပ်​မှုရှိခဲ့​ပေမဲ့ တရားလိုဖြစ်​သူ ဦးမြင့်ကျော်​ရဲ့မျက်​​မှောက်​​ရှေ့မှာ အမိန့်​ချသင့်​သလို ပြစ်​မူကျူးလွန်​သူထဲမှာ ပါဝင်​ပတ်​သက်​ခဲ့တဲ့ ကိုဝင်းနိုင်​ကို အပြီးလွှတ်​​ပေးလိုက်​တာကို လုံးဝ ​ကျေနပ်​မူမရှိဘူး”လို့ ​ပြောပါတယ်​။

ဦးသြ​ဇေယျနဲ့အတူ တရားစွဲခံထားရသူတွေဟာ၂၀၁၇ ခုနှစ်​အတွင်းမှာ ​ရွှေ​ကောင်းကင်​ စိုက်​ပျိုး​ရေးခြံ၊ ​ရွှေပြည်​​အောင်​ စိုက်​ပျိုး​ရေးခြံ၊ ​တောင်​သူဦး​အောင်​သိန်းခြံ၊ ဦးစိုင်းထွန်း ​စိုက်​ပျိုး​ရေး ခြံနဲ့အတူ အားမာန်​စိုက်​ပျိုး​ရေးပိုင်​ ကြံစိုက်​ခင်းတွေကို အကြိမ်ကြိမ်​ မီးရှိုဖျက်​ဆီးခဲ့တာ​ကြောင့် တရားစွဲခံခဲ့ရသလို  အားမာန်​စိုက်​ကွင်းထဲ မကျူး​ကျော်​ရဆိုင်းဘုတ်​တွေ အတင်းဝင်​​ရောက်​ ကျူး​ကျော်​စိုက်​ထူပြီး မီးရှို့လူသတ်​ခဲ့တဲ့အတွက်​ ဥပ​ဒေနဲ့အညီ အပြစ်​​ပေးခံခဲ့ရတာဖြစ်ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013