DVB Logo
Home
မြန်မာသတင်း
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုကြောင့် နှစ်စဉ် လူ ၆၅၀၀၀ သေဆုံးနေ
DVB
·
June 25, 2018
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုကြောင့် နှစ်စဉ် လူ ၆၅၀၀၀ သေဆုံးနေ
Donate to DVB

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက် ပစ္စည်းတွေ သုံးစွဲမှုကြောင့် နှစ်စဉ် လူဦးရေ ၆၅၀၀၀ လောက်ဟာ နှလုံးသွေးကြောပိတ်တာတွေ၊ ဦးနှောက်သွေးကြောပိတ်တာတွေ၊ လေဖြတ်ရောဂါတွေနဲ့ အခြား ရောဂါဝေဒနာတွေကို ခံစားပြီး သေဆုံးနေတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

“မိမိတို့ သက်ဆိုင်ရာ နေရာဒေသအလိုက် ရုံး/ဌာန အလိုက် ဆေးလိပ်ငွေ့ ကင်းစင်နေရာတွေ ထူထောင်ခြင်း လုပ်ငန်းဟာ အကျိုးသက်ရောက်မှု ရလာဒ်ကောင်းများကို ရရှိနိုင်တဲ့ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးသူအများစုဟာ ကလေးလူငယ် ဘ၀ကနေ စတင် စမ်းသပ်သောက်သုံးရင်းကနေ စွဲလမ်းသွားကြတာလည်းဖြစ်ပါတယ်။ ဆေးလိပ် သောက်သုံးခြင်းဟာ သောက်သုံးသူတဦးတည်းကို ထိခိုက်စေတာမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်က လူတိုင်းအတွက်လည်း ဆိုးကျိုးတွေ ခံစားနေတာဖြစ်ပါတယ်”လို့ ကျန်းမာရေး ၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကမ္ဘာတ၀န်းမှာ နှစ်စဉ် လူဦးရေ  ၇ သန်း ကျော်ဟာ နာတာရှည် ရောဂါမျိုးစုံဖြစ်ပွားနေပြီး သက်တမ်းစေ့မနေရဘဲ အချိန်မတိုင်ခင် သေဆုံးနေကြရတာပဲဖြစ်ပါတယ်။

ဒီ ၇သန်းကျော်ထဲက ၉သိန်းလောက်ကတော့ ကိုယ်တိုင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေ သုံးစွဲတာမဟုတ်ဘဲ သူတစ်ပါးရဲ့ ဆေးလိပ်ငွေ့ကို တဆင့်ခံ ရှုရှိုက်မိရာကနေ ရောဂါတွေ ကြုံတွေ့ခံစားရပြီး သေဆုံးနေကြရတာပါ။

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာစားသုံးမှုဟာ ၄၃ ရာခိုင်နှုန်း လောက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အများဆုံးသုံးစွဲနေတာကို လည်း တွေ့ရပါတယ်။

“ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လဲ ဆေးရွက်ကြီးနဲ့ ကွမ်းယာတွဲဖက်သုံးစွဲမှု ဟာ မြန်မာနိုင်ငံ ဟာ အလွန်မြင့်မားတဲ့ ပမာဏဖြစ်နေတာကို တွေ့ရတဲ့အတွက် ဒီပြဿနာကို ဘယ်လို ရင်ဆိုင်ဖြေရှင်း မလဲဆိုတဲ့ အချက်ကို နိုင်ငံတကာက စိတ်ဝင်စားနေကြပါတယ်”လို့လဲ ဒေါက်တာမြင့်ထွေးက ပြောဆိုခဲ့ပါသေးတယ်။

ဒီလို သုံးစွဲမှုတွေ မြင့်တက်နေတဲ့ဟာတွေကို လျော့ချဖို့အတွက်လဲ “ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ” ကို ၂၀၀၆ ခုနှစ်ကတည်းက ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် ဥပဒေ သက်ဝင်နိုင်ဖို့အတွက်ကတော့ ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ လိုအပ်နေသေးပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013