DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး စက်ဘီးစီးပွဲတော် မြိတ်မြို့တွင် ကျင်းပ
DVB
·
June 25, 2018
ငြိမ်းချမ်းရေး စက်ဘီးစီးပွဲတော် မြိတ်မြို့တွင် ကျင်းပ
Donate to DVB

ငြိမ်းချမ်းရေး စက်ဘီးစီးပွဲတော်ကို  တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (တနင်္သာရီ)က ဦးဆောင်ပြီး  ဇွန် ၂၃ ရက်က မြိတ်မြို့မှာ ကျင်းပပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေ ပိုမိုပါဝင်လာဖို့ ရည်ရွယ်ပြီး ခုလို  ငြိမ်းချမ်းရေး စက်ဘီးစီးပွဲတော်ကျင်းပတာဖြစ်တယ်လို့ JMC-S (တနင်္သာရီ) ဒုဥက္ကဋ္ဌ (၁) ပဒိုစောဘီးလယ်ကပြောပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ  JMC ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေသာမက ပြည်သူတွေပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သိမြင် နားလည်ပြီး ပူးပေါင်းပါဝင်လာဖို့ လိုအပ်တယ်၊ ဒါ့ကြောင့် အခုလို အများပြည်သူ ပါဝင်တဲ့ အားကစားပွဲတွေ ကျင်းပပြီး ငြိမ်းချမ်းရေး သတင်းစကားတွေ ဖြန့်ဝေပေးရတာဖြစ်ပြီး  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူတွေ ပိုမိုပါဝင်လာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”

အလားတူ JMC-S (တနင်္သာရီ) အဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျကလည်း စက်ဘီးစီးပွဲတော်ဖွင့်ပွဲ နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ  JMC-S (တနင်္သာရီ)ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပြည်သူလူထုက ပိုမိုသိရှိ နားလည်စေဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုမိုပူးပေါင်းပါဝင်လာဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

မြိတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီ၊ မြိတ်စက်ဘီးအသင်းတို့ ပူးပေါင်းကျင်းပတဲ့ ငြိမ်းချမ်းရေး စက်ဘီးစီးပွဲတော်ကို  ပါဝင်ဆင်နွှဲတဲ့ စက်ဘီးသမား စုစုပေါင်း ၁၃ဝဝ ခန့်ရှိပါတယ်။

စက်ဘီးသမားတွေဟာ မြိတ်မြို့၊ မြို့မအားကစားကွင်းမှ တာထွက်ပြီး  စန္ဒဝတ်ကျေးရွာ သီလရှင်ကျောင်းအထိ သွားရောက်ကာ အားကစားကွင်းသို့ အသွားအပြန် စုစုပေါင်း ခရီးမိုင် ၁၈ မိုင် စီးနင်းကြတာပါ။

စက်ဘီးစီးပွဲတော်မှာ JMC-S (တနင်္သာရီ)က စက်ဘီး ၅ စီး အပါအဝင် လက်ဆောင်ပစ္စည်း ၃) ခု မဲဖောက် ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်တွေကို အမောဖြေ စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်း ကျွေးမွေးခဲ့ပါတယ်။

Photo : Joint Ceasefire Monitoring Committee

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013