DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း အစွန်းအဖျားဒေသရှိ စာသင်ကျောင်းများကို ကူညီထောက်ပံ့
DVB
·
June 25, 2018
ရေးမြို့နယ်အတွင်း အစွန်းအဖျားဒေသရှိ စာသင်ကျောင်းများကို ကူညီထောက်ပံ့
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သွားလာရခက်ခဲပြီး အစွန်အဖျားကျေးရွာတွေက စာသင်ကျောင်းတွေမှာ လူငယ်တဦး ခေါင်းဆောင်တဲ့ ရေးမြို့မိသားစု ပရဟိတအဖွဲ့က လစဉ် ကူညီထောက်ပံ့ပေးနေပါတယ်။

တလကိုတကျောင်းနှုန်းနဲ့ ကျောင်းပြုပြင်ပေးတာနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေဖြည့်ဆည်းပေးတာအပါအဝင် ကျန်းမာရေး၊ အသိပညာပေးရေးနဲ့ ကလေးတွေ ပျော်ရွှင်စေဖို့ လစဉ်ဆောင်ရွက်ပေးနေတာပါ။

အဲဒီအဖွဲ့ရဲ့ဦးဆောင်သူ အသက် ၂၂ နှစ်အရွယ် ကိုအောင်ခန့်ဟိန်းက ''ရေးဒေသမှာ ကလေးသူငယ်ပညာတတ်မှုအားက လျော့နည်းနေတယ်။ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ အားဖြည့်ပေးတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ကို စတင်တည်ထောင်ဖြစ်ခဲ့တာပါ၊ ရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အတတ်နိုင်ဆုံး ပညာတတ်မြောက်စေချင်တယ်၊ ဝေးလံ ခေါင်ဖျားတဲ့ဒေသက ကလေးတွေကို ပညာတတ်ဖို့အခွင့်အရေးနဲ့ စိတ်ပျော်ရွှင်မှု အခွင့်အရေး တွေကို မြို့က ကလေးတွေနဲ့ တန်းတူအခွင့်အရေးရှိစေချင်လို့ပါ '' လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူတွေရဲ့ထည့်ဝင်ငွေနဲ့ တကျောင်းလျှင် ကျပ်သိန်း ၂ဝ မှ ၅ဝ ကျော်အထိ အကုန်အကျခံဆောင်ရွက်ပေးနေပြီး စလုပ်စဉ်တုန်းက ဒေသခံတွေရဲ့ယုံကြည်မှုမရခဲ့ပေမယ့် အခုတော့ ပူးပေါင်းပါဝင်မှုတွေရှိလာကြပြီလို့ သူက ဆိုပါတယ်။

''ကျောင်းရွေးချယ်တာက ပထမဆုံး အကြိုလွှတ်ပြီးတော့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေ၊ နယ်စပ်ဒေသတွေ လူသူအရောက်ပေါက်နည်းတဲ့ဒေသတွေကို လေ့လာစုံစမ်းပြီးတော့ လှူသင့် မသင့် ကိုယ်တိုင်ကွင်းဆင်းဆုံးဖြတ်ပြီးမှ ဆောင်ရွက်တာပါ။ ရှေ့ဆက်ပြီးတော့ နယ်စပ်ဒေသ တွေကို ဦးတည်ပြီးတော့ ကလေးတွေရဲ့ပညာရေးကို ဖြစ်နိုင်ရင် ဘွဲ့ရတဲ့အထိ တာဝန်ယူ ပြီးတော့လုပ်ချင်တဲ့ဆန္ဒရှိတယ်။ တွေ့ကြုံရတဲ့အခက်အခဲကတော့ ပထမလုပ်စဉ်က ဒေသခံ တို့ရဲ့မယုံကြည်မှု၊ နယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရံပုံငွေ အခက်အခဲ ရှိခဲ့ရတယ်၊ ခုတော့ အသင့်အတင့်တော့ ယုံကြည်လာပြီး ပူးပေါင်းပါဝင်မှုရှိခဲ့ပါပြီ'' လို့ ကိုအောင်ခန့်ဟိန်းက ပြောပါတယ်။

၂ဝ၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီအဖွဲ့မှာ လက်သမား၊ ပန်းရံဆရာ၊ ဆံပင်ညှပ်ဆရာ၊ ကျောင်းဆရာ၊ ဆရာဝန်အပါအဝင် ဒေသခံတွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင်အင်အား ၅ဝ ကျော်နဲ့ ကူညီထောက်ပံ့ပေးနေတာပါ။

သတင်း- ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013