DVB Logo
Home
မြန်မာသတင်း
ရွှေရေးထင်ထင် ဒါရိုက်တာအဖြစ်ရိုက်သည့် ‘ရာဇဝင်ရိုင်းခဲ့သည်’ ရုပ်ရှင်ကား(နမူနာ)
DVB
·
June 25, 2018
ရွှေရေးထင်ထင် ဒါရိုက်တာအဖြစ်ရိုက်သည့် ‘ရာဇဝင်ရိုင်းခဲ့သည်’ ရုပ်ရှင်ကား(နမူနာ)
Donate to DVB

 

လာမယ့် ဇူလိုင်လဆန်းမှာ ရုံတင်ပြသတော့မယ့် ‘ရာဇဝင်ရိုင်းခဲ့သည်’ အမည်ရတဲ့ မြန်မာရုပ်ရှင်ကားဟာ အွန်လိုင်းပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး ရုပ်ရှင်နမူနာကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားကိုတော့ လူငယ်စာရေးဆရာမ ရွှေရေးထင်ထင်က ဇာတ်လမ်း ဇာတ်ညွှန်း ကိုယ်တိုင်ခွဲပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

အချစ်ဇာတ်လမ်းတခုဖြစ်တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အချစ်ကို တပ်မက်မောတဲ့ ကောင်လေးတယောက်ရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ လူတွေကြောင့် ပြောင်းလဲသွားရတဲ့ အကြောင်းတွေကို ပုံဖော်ထားခဲ့တာပါ။

ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ နာမည်ကြီး သရုပ်ဆောင် ဇေရဲထက်ကတော့ ဒီကားထဲမှာ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံဆရာ ရာဇဝင်အနေနဲ့ ပါဝင်ထားပြီး မိုက်ရူးရဲဆန်တဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားခဲ့တာပါ။

သူ့ရဲ့ ဘဝထဲကို ဝင်ရောက်လာသူတွေက ဘယ်သူတွေများ ဖြစ်မလဲ။ ခင်ဇာခြည်ကျော်ကတော့ ချမ်းသာကြွယ်ဝတဲ့ သမီးတယောက်မိခင် ဒေါ်လှအုန်းမယ် ဆိုတဲ့ နေရာမှာ ပါဝင်ထားပြီး သူ့ဘဝရဲ့ အထီးကျန် နေ့ရက်တွေကို ဖြေဖျောက်ဖို့ စိတ်ထွက်ပေါက်ရှာချိန်မှာ ရာဇဝင်နဲ့ တွေ့ပြီး ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ဒီကားထဲမှာ နောက်ထပ် ပါဝင်လာသူကတော့ အနုပညာအလုပ်တွေနဲ့ အချိန်အကြာကြီး ကင်းကွာနေခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ဇင်ဇင်ဇော်မြင့် ဖြစ်ပြီး ခင်နန်းစံ ဆိုတဲ့ အလှဘုရင်မတဦးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။

မျက်နှာသစ်သရုပ်ဆောင် အောင်လေးကတော့ ဒီကားထဲမှာ တက်သစ်စမော်ဒယ် ထက်နိုင် အနေနဲ့ ပါဝင်ထားပြီး Aခွန်းပန်ကတော့ ဆယ်ကျော်သက် ကောင်မလေး ခက် နေရာမှာ ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ လတ်တလောမှာတော့ လူပြောများနေပြီး လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013