DVB Logo
Home
အာရှဒေသ
အမေရိကန် ကုမ္ပဏီများ ဘိုပါးလ် ဘေးဒဏ်အတွက် တာဝန်မရှိဟု တရားရုံး ပြော
DVB
·
July 9, 2012
အမေရိကန် ကုမ္ပဏီများ ဘိုပါးလ် ဘေးဒဏ်အတွက် တာဝန်မရှိဟု တရားရုံး ပြော
Donate to DVB

၁၉၈၄ ခုနှစ်က အိန္ဒိယ နိုင်ငံ မဒရာ ပရာဒက်ရှ် ပြည်နယ်ရဲ့ မြို့တော် ဘိုပါးလ် (Bhopal)မှာ ဓာတ်ငွေ့ ဘေးဒဏ်သင့်တာခံရတဲ့ ဓားစာခံတွေအတွက် တရားမျှတမှုကို ရှာဖွေ့ဖို့ လှုပ်ရှားသူတွေ က ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ် နယူးယောက် ဖက်ဒရယ်လ် တရားရုံးက ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ယူနီယံ ကာဘိုက် (Union Carbide) ကုမ္ပဏီ နဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ၀ါရန် အန်ဒါဆန် (Warren Anderson )တို့အပေါ် စွဲဆိုချက်ကို ပယ်ချခဲ့ပါတယ်။ ယူနီယံ ကာဘိုက် (Union Carbide) ကုမ္ပဏီက အဲဒီဒေသက ပိုးသတ်ဆေးစက်ရုံကို ပိုင်ဆိုင်ပါတယ်။ ဘေးအန္တရယ်ကြောင့် အဲဒီစက်ရုံက ဓာတ်ငွေ့သင့်ပြီး ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပေမယ်လည်း တရားရုံးက ကုမ္ပဏီမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မဒရာ ပရာဒက်ရှ် ပြည်နယ်ရဲ့ မြို့တော် ဘိုပါးလ်က ဘေးအန္တရာယ် ခံခဲ့ရသူ၊ လျော်ကြေးနဲ့ ထောင်နဲ့ချီတဲ့ အဆိပ်သင့်တဲ့ရေတွေကို သန့်ရှင်းဖို့တောင်းထားတဲ့ ကျန်ရစ်သူတွေက ဒီဆုံးဖြတ်ချက်ကို ဆန္ဒပြခဲ့ပါတယ်။ ဘစ်မီလာ ဂီလန်နီ (Bismillah Geelani)က နယူးဒေလီကနေ သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013