DVB Logo
Home
မြန်မာသတင်း
မန္တလေးနှင့် စစ်ကိုင်းတွင် လယ်ယာမြေဧက ၈၀၀၀၀ ခန့်  ရေလွှမ်းမိုးနေ
DVB
·
June 25, 2018
မန္တလေးနှင့် စစ်ကိုင်းတွင် လယ်ယာမြေဧက ၈၀၀၀၀ ခန့်  ရေလွှမ်းမိုးနေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီဒနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ မိုးရွာသွန်းမှုကြောင့် လယ်ယာမြေဧက ရှစ်သောင်းလောက် ရေလွှမ်းမိုးနေတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

ဧပြီလကုန်ပိုင်းနဲ့ ဇွန်လအတွင်း ရွာသွန်းခဲ့တဲ့ မိုးကြောင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေဧက စုစုပေါင်း ၇၇၆၃၉ ဧက လောက် ရေဝင်နစ်မြုပ်ခဲ့ပြီး အဲဒီထဲက ၁ဝဝ၄ ဧက ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ မိုးရွာသွန်းမှုကြောင့် နွေနှမ်း ၃၃၄ ဧက၊ ကျောက်ပန်းတောင်းမြို့နယ်မှာ နွေနှမ်း ၂၁၆၉ ဧက၊ နွားတိုးကြီးမြို့နယ်မှာ မိုးကြိုနှမ်း ၅၅ ဧကလောက် ရေဝင်နစ်မြုပ်ခဲ့ပြီး ငါန်းဇွန်မြို့နယ်မှာ နွေနှမ်း ၆၆ ဧကနဲ့ အစေ့ထုတ်ပြောင်း ၁ ဧကလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရေဝင်နစ်မြုပ်တဲ့ စိုက်ခင်းတွေအနက် ပျက်စီးဆုံးရှုံးတဲ့ စိုက်ခင်းတွေက စိုက်ပျိုးမှု နောက်ကျတဲ့ စိုက်ခင်းတွေဖြစ်ပြီး စိုက်ခင်းအများစု သီးနှံရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ထိခိုက်မှု အနည်းငယ်သာ ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ ဧပြီ၂၇ ရက်မှ ဇွန် ၁၃ ရက်အထိ စာရင်းတွေအရ နွေစပါး ၄၈ဝ၇ ဧက၊ မိုးစပါး ၆၄၂ဝ ဧက၊ နွေနှမ်း ၅၄၅၄၇ ဧက၊ မိုးနှမ်း ၉၃၈ ဧက၊ မိုးကြိုး ပဲတီစိမ်း ၆၃၈၄ ဧက၊ မိုးပဲတီစိမ်း ဧက ၉ဝဝ၊ မိုးမြေပဲ ၅၉ ဧက၊ နေကြာ ဧက ၂ဝ၊ ပဲစင်းငုံ ၁၁ ဧကနဲ့ အခြားသီးနှံ ၃ ဧကလောက် ရေဝင်နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရဲ့ သီးသန့်သဘောဝဘေး ရန်ပုံငွေထဲကနေ ထောက်ပံ့ပေးဖို့နဲ့ ပျက်စီး စပါးခင်းတွေအတွက် အမြန်ဆုံး အစားထိုးနိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013