DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်တွင် နွားကျောင်းထွက်သည့် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရ
DVB
·
June 25, 2018
မင်းလှမြို့နယ်တွင် နွားကျောင်းထွက်သည့် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ ဇွန်လ ၂၃ ရက်က အရွယ်မရောက်သေးတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ မင်းလှမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးထင်အောင်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“မင်းလှရဲစခန်းနဲ့ မိုင် ၂၀ လောက်ကွာတဲ့ ကျေးရွာတရွာမှာ မောင်နှမ နှစ်ယောက် နွားကျောင်းရင်း နွားကွဲသွားတဲ့အတွက် လူခွဲပြီး လိုက်ရှာတော့ တောထဲမှာ ငုံးထောင်နေတဲ့ တရွာတည်းနေ တင်မင်းထွန်း(ခ)ညီလေးလေးက ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ပွေ့ချီပြီး လူပြတ်လပ်တဲ့နေရာမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ကလေးမလေးက မိခင်ဖြစ်သူကို ပြန်လည်ပြောပြတဲ့အတွက် ရဲစခန်းမှာ လာရောက်တိုင်ကြားတာ ဖြစ်တယ်။ ကလေးမလေးကို ရဲဆေးစာနဲ့ မင်းလှပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး လိုအပ်တဲ့ ရဲလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေတယ်။”

ဖြစ်စဉ်နဲ့ပတ်သက်လို့ အရွယ်မရောက်သေးသော မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ တင်မင်းထွန်း(ခ)ညီလေးလေးကို မင်းလှမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

အထက်မင်းလှမြို့နယ်မှာ ပြီးခဲ့တဲံ ဇန်နဝါရီလ ၃၁ ရက်ကလည်း ပဉ္စမတန်းကျောင်းသူလေးတယောက်ကို အဓမ္မပြုကျင့်မှုတမှု၊ ဖေဖော်ဝါရီလ ၆ ရက်က အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှုတမှု ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်နဲ့ဆိုရင် သက်ငယ်မုဒိမ်းမှုဖြစ်ပွားတာ ၃ ကြိမ်ရှိပြီ ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013