DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်နှင့်ဗဟိုကော်မတီဝင်များ တိုးချဲ့ဖွဲ့စည်း
DVB
·
June 24, 2018
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်နှင့်ဗဟိုကော်မတီဝင်များ တိုးချဲ့ဖွဲ့စည်း
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ဗဟို အလုပ်အမှုဆောင်အဖွဲ့ လစ်လပ်နေရာတွေအတွက် တိုးချဲ့ဖွဲ့စည်းပြီး ဗဟိုကော်မတီကိုလည်း လူဦးရေတိုးချဲ့လိုက်တယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့မှာ ၂ ရက်ကြာကျင်းပနေတဲ့ ညီလာခံ ပထမနေ့ ဇွန်လ ၂၃ ရက်မှာပဲ တိုင်းနဲ့ ပြည်နယ်အလိုက် ဗဟိုကော်မတီဝင်အသစ် ၄၂ ယောက်နဲ့ အရံဗဟိုကော်မတီဝင်အသစ် အယောက် ၃၀ တို့ကို  ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့ကြတာပါ။

ဒီနေ့မှာတော့ မူလဗဟိုကော်မတီဝင်တွေနဲ့ ကော်မတီဝင်အသစ်တွေဟာ ဒုတိယဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ပြုလုပ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ လစ်လပ်နေရာတွေကို ဖြည့်ဆည်းလိုက်တာပါ။

ထပ်တိုးလာသူတွေကတော့ ဗဟိုအဖွဲ့က ဦးသိန်းဦး၊ တနင်္သာရီတိုင်းက ဒေါက်တာ တင်မျိုးဝင်း၊ မကွေးတိုင်းက ဦးအောင်ကြည်ညွန့်၊ စစ်ကိုင်းတိုင်းက ဒေါက်တာမြင့်နိုင်၊ ကချင်ပြည်နယ်က ဦးအင်ထုံးခါးနော်ဆမ်နဲ့ မန္တလေးတိုင်းက ဦးတင်ထွဋ်ဦးတို့ ဖြစ်ပါတယ်။

အရံဗဟိုအလုပ်အမှုဆောင် ၈ ယောက်ကိုလည်း ဒီနေ့ ကြေညာပါတယ်။ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး လက်ရှိမှာတော့ အတွင်းရေးမှူး အဖွဲ့ကနေ ဦးဆောင်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူလ ဗဟိုကော်မတီမှာ ကော်မတီဝင် ၁၂၀ နဲ့ အရံကော်မတီဝင် ၃၀ ပါဝင်ပါတယ်။

အခုထပ်မံတိုးချဲ့လိုက်လို့ ဗဟိုကော်မတီမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက ကော်မတီဝင်ပေါင်း ၁၄၈ ယောက်ရှိလာပါတယ်။

အဲဒီကနေ ပြန်ကြားရေးနဲ့ စီးပွားရေးကော်မတီ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့၊ တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့နဲ့ အလုပ်သမားရေးရာအဖွဲ့ဆိုပြီး ကော်မတီနဲ့ အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တိုင်နဲ့ပြည်နယ် ဝန်ကြီးချုပ်တွေအပါအဝင် ညီလာခံကိုယ်စားလှယ် ၁ ထောင်ကျော် တက်ရောက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013